လွိုင်ကော်မြို့နှင့် အနီးဝန်းကျင်ကို စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်နေ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဇန္နဝါရီလ ၁၅ ရက်။

ကရင်နီပြည်၊ လွိုင်ကော်မြို့နှင့် အနီးအနား ဝန်းကျင်ဒေသများသို့ စစ်ကောင်စီတပ်က လက်နက်ကြီး ပစ်ခတ်မှု များကို ပြင်းထန်စွာ လုပ်ခဲ့သည်ဟု ဒေသခံများက ပြောသည်။

ကယားပြည်နယ်နေ့ မတိုင်မီ ဇန္နဝါရီလ ၁၄ ရက် နေ့ ညက လက်နက်ကြီး ပစ်ခတ်မှုများကို စစ်ကောင်စီက လုပ် ဆောင်ခဲ့ခြင်း ဖြစ်သည်ဟု လွိုင်ကော်ဒေသခံ အမျိုးသမီး တစ်ဦးက ပြောသည်။

၎င်းက “ဒီနေ့က ကယားပြည်နယ်နေ့ဆိုတော့ မနေ့ကလက်နက်ကြီးတွေ သေအောင်ပစ်တယ် မနက်အထိ မနားတမ်းပဲဟု ပြောသည်။

လက်နက်ကြီး ပစ်ခတ်မှုများကို လွိုင်ကော်မြို့အတွင်းရှိ ခမရ ၅၄ တပ်ရင်းမှ ဇန္နဝါရီလ ၁၄ ရက်နေ့ ည ၈ နာရီက နေ ၁၅ ရက်နေ့ (ယနေ့) နံနက် ၄ နာရီအထိ လွိုင်ကော်မြို့ ပတ်ပတ်လည်သို့ အဆက်မပြတ် ပစ်ခတ်ခဲ့သည်ဟု ဒေသခံများက ဆိုသည်။

လက်နက်ကြီး ပစ်ခတ်မှုကြောင့် လူထိခိုက်သေဆုံးဒဏ်ရာ ရရှိသည့် အခြေအနေကို မသိရသေးဟု ပြောသည်။

တော်လှန်ရေးတပ်များက ဇန္နဝါရီလ ၁၅ ရက် နေ့တွင် ကျရောက်သည့် ၇၃ နှစ်မြောက် ကယားပြည်နယ် နေ့သို့ တက်ရောက်ရန် လွိုင်ကော်မြို့သို့ ရောက်ရှိနေသည့် စစ်ကောင်စီ ဒု-ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး စိုးဝင်းကို ရည်ရွယ်ပြီး ရှော့တိုက်ဒုံးများဖြင့် လာရောက် ပစ်ခတ်တိုက်ခိုက်ခဲ့သောကြောင့် စစ်ကောင်စီတပ်က ပြန်လည် တုန့်ပြန်ပစ်ခတ်ခြင်းဖြစ်သည်ဟု ဒေသခံများက ဆိုသည်။

ရှော့တိုက်ဒုံး ပစ်ခတ်မှုကို ဇန္နဝါရီလ ၁၄ ရက်နေ့ ညက Brave Warriors for Myanmar (BWM) အဖွဲ့၏ ဦးဆောင်စီမံမှုဖြင့် Mountain Knight Civilian Defense Forces (MKCDF) အဖွဲ့ နှင့် (Anti-Coup People’s Liberation Force – ACPLF) အဖွဲ့တို့ ပူးပေါင်း၍ လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

ပြည်နယ်ခန်းမအတွင်းကို ၁၀၇ မမ ရှော့တိုက်ဒုံး ၅ လုံး၊ ဒကစ-လွိုင်ကော်ကို ရှော့တိုက်ဒုံး ၂ လုံး စုစုပေါင်း ခုနစ်လုံး ပစ်ခတ်ခဲ့ပြီး ၆ လုံးမှာ ပစ်ခတ်မှု အောင်မြင်ခဲ့သည်ဟု BWM က ဆိုသည်။။

ထို့ပစ်ခတ်တိုက်ခိုက်မှုများကြောင့် ယနေ့တွင် ကျရောက်သော ၇၃ နှစ်မြောက် ကယားပြည်နယ်နေ့တွင် စစ် ကောင်စီမှ လွိုင်ကော်မြို့အတွင်း လုံခြုံရေးထူထပ်စွာ ချထားပြီး တပ်လှန့်ထားသည်ဟု ဒေသခံ အမျိုးသမီး တစ်ဦးက ပြောသည်။

“ဒီမနက် အပြင်သွားတာ ဒေါနိူးကူး တံတားမှာစစ်တယ် ဘယ်သွားမှာလဲ ဘာသွားလုပ်မှာလဲ ဘယ်သူတွေပါလဲ စစ်တယ်။ အဲလောက်သေနေတာတောင် ဘယ်ကနေ ပေါ်လာကြလဲ မသိဘူး။ နေရာတိုင်းပဲ ဘယ်နေရာမှ လွတ် လွတ်လပ်လပ် သွားလို့မရဘူး။

ကယားပြည်နယ်နေ့တွင် လွိုင်ကော်မြို့တွင် စစ်ကောင်စီတပ်၏ လုံခြုံရေး တပ်ဖွဲ့ဝင်များက လမ်းသွားလမ်းလာ ပြည်သူများအား စစ်ဆေး မေးမြန်းမှုများကို ယခင်ရက်များထက် တင်းကြပ်စွာ လုပ်ဆောင်နေသည်ဟု ဒေသခံ များက ဆိုသည်။

လက်ရှိ လွိုင်ကော်မြို့သို့ ဒု-ဗိုလ်ချုပ်မှူးကြီး စိုးဝင်းရောက်ရှိနေသည်ဟု သတင်းဌာနများတွင် ဖော်ပြနေကြသော် လည်း အတည်ပြု၍ မရသေးဘူးဟု အဆိုပါ ဒေသခံ အမျိုးသမီးက ဆက်ပြောသည်။

“စိုးဝင်းမဟုတ်ဘူး သူ့ထက် အငယ်လို့တော့ ပြောတယ်။ ဗိုလ်ကြီးတစ်ယောက်ပဲလို့ ပြောတာပဲ ဟတ်စကီးနဲ့ လာချတာလဲ တွေ့တယ် သူ့ကိုလာချပြီး ပြန်သွားတာလဲ တွေ့တယ်လို့ပြောတယ် လမ်းဖွင့်ပွဲလာတာလို့ ပြော တယ်။

လွိုင်ကော်မြို့အား စစ်ကောင်စီတပ်မှ ၂၀၂၄ ခုနှစ် နှစ်လည်ပိုင်းတွင် ကရင်နီတော်လှန်ရေး တပ်များထံမှ ပြန်လည် ထိန်းချုပ်နိုင်ခဲ့သည်။

လွိုင်ကော်မြို့ကို စစ်ကောင်စီက ထိန်းချုပ်ထားသော်လည်း မြို့ပတ်ပတ်လည်တွင် ကရင်နီတော်လှန်ရေး တပ်များမှ ဝန်းရံပိတ်ဆို့ထားသည့် အခြေအနေတွင် ရှိနေသည်ဟု ဒေသခံများက ပြောသည်။