KNU က တနင်္သာတိုင်းတွင် နယ်စပ်စခန်းတခု သိမ်းပိုက်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဇွန်လ ၁၀ ရက်။

KNLA နှင့် တော်လှန်ရေးပူးပေါင်းတပ်များက KNU တပ်မဟာ ၄ မြိတ်-ထားဝယ်ခရိုင် ထိုင်း-မြန်မာနယ်စပ်ရှိ စစ်ကောင်စီတပ်၏ အမိုနယ်စပ် ရှေ့တန်းစခန်းကို ဇွန်လ ၁၀ ရက်နေ့ (ယနေ့)တွင် တိုက်ခိုက်သိမ်းပိုက်လိုက်သည်ဟု KNU က ထုတ်ပြန်သည်။

အမိုနယ်စပ်စခန်း (ခေါ်)  ပွိုင့် ၂၅၆၆ စခန်းကို KNLA နှင့် ပူးပေါင်းတပ်များက ဇွန်လ ၈ ရက်နေ့က စတင်တိုက်ခိုက်ခဲ့ပြီး ဇွန်လ ၁၀ ရက်နေ့(ယနေ့) တွင် အပြီးသတ် သိမ်းပိုက်နိုင်ခဲ့သည်။

စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်၏ လက်နက်ခဲယမ်းများကိုလည်း သိမ်းယူ ရရှိခဲ့သည်။

အဆိုပါ တပ်စခန်းသည် ၁၉၉၇ က စစ်ကောင်စီက ဝင်ရောက်ကျူးကျော်တပ်စွဲထားသည့် စခန်းဖြစ်သည်ဟု KNU က ဆိုသည်။

ပြီးခဲ့သည့် ဧပြီ ၁၉ ရက်နေ့ကလည်း KNLA နှင့် ပူးပေါင်းတပ်များက ထိုင်း-မြန်မာနယ်စပ်ရှိ စစ်ကောင်စီတပ်၏ ထီးထဗျူဟာတပ်စခန်းကို သိမ်းပိုက်ခဲ့သကဲ့သို့ မေလ ၉ ရက်နေ့ကလည်းထီးခီးဗျူဟာ စခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။

အဆိုပါ တပ်စခန်းများသည် ထိုင်း-မြန်မာနယ်စပ်တွင် တည်ရှိပြီး စစ်ကောင်စီတပ်၏ အလွန်အရေးပါသော တပ်စခန်းများဖြစ်သည်။

Photo – KNU