စဉ့်ကူးတွင် လေကြောင်းတိုက်ခိုက်မှုကြောင့် အမျိုးသမီး ၁ ဦးသေ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဇွန်လ ၉ ရက်။
မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်တွင် စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံ အမျိုးသမီး ၁ ဦးသေဆုံးပြီး ၃ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု ပြည်သူ့ကာ ကွယ်ရေးအဖွဲ့ ပြင်ဦးလွင်ခရိုင်က မေလ ၉ ရက်နေ့ (ယနေ့) တွင် သတင်းထုတ်ပြန်သည်။
မန္တလေးတိုင်း စဉ့်ကူးမြို့နယ် ကျည်တောက်ပေါက်ရွာထဲက ဆေးရုံးဝင်းထဲကို စစ်ကောင်စီတပ်က ဇွန်လ ၉ ရက်နေ့ နံနက် ၅ နာရီ ၃၁ မိနစ်အချိန်တွင် တံတားဦး လေတပ်မှ ဂျက်ဖိုက်တာ နှင့် ပေါင် ၂၅၀ ဗုံးတစ်လုံး ကြဲချတိုက်ခိုက်ခဲ့ရာ ဒေသခံများ ထိမှန် သေဆုံး ဒဏ်ရာ ရရှိခဲ့ကြသည်ဟု ဆိုသည်
လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံ အမျိုးသမီး ၁ ဦးသေဆုံးပြီး ၃ ဦး ဒဏ်ရာရရှိခဲ့သည်။
ဒဏ်ရာ ရရှိခဲ့သည့် အမျိုးသမီး ၃ ဦး အနက် တစ်ဦးမှာ လက်ဖြတ်လိုက်ရပြီး ကျန် ၂ ဦးမှာ ပေါင်ထိမှန် ဒဏ်ရာ ရရှိခဲ့သည်ဟု ပြည်သူ့ကာ ကွယ်ရေးအဖွဲ့ ပြင်ဦးလွင်ခရိုင်၏ ထုတ်ပြန်ချက်အရ သိရသည်။
လူထိမှန်သေဆုံးခဲ့သည့်အပြင် အဆောက်အအုံ ၁ လုံးလည်း ထိမှန် ပျက်စီးခဲ့သည်ဟု ဆိုသည်။