ကရင်နီပြည် လွတ်မြောက်နယ်မြေ တစ်နေရာတွင် ၆၃ နှစ်ပြည့် ဆဲလ်ဗင်းဇူလိုင် အထိမ်းအမှတ်နေ့ အခမ်းအနား ကျင်းပပြုလုပ် ( ဓာတ်ပုံသတင်း)
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၇ ရက်။
ကရင်နီပြည်ရှိ လွတ်မြောက်နယ်မြေ တစ်နေရာတွင် ဇူလိုင်လ ၇ ရက်နေ့ (ယနေ့)တွင် ကျရောက်သော ၆၃ နှစ်ပြည့် ဆဲလ်ဗင်းဇူလိုင် အထိမ်းအမှတ်နေ့ အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့သည်။
ကရင်နီပြည်လုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂမှ ဦးဆောင်ကျင်းပခဲ့ခြင်းဖြစ်ပြီး အခမ်းအနားသို့ KSSU ၏ မိတ်ဖက်အဖွဲ့အစည်းများ၊ မျိုးဆက်ဟောင်းများနှင့် ကရင်နီပြည်ရှိ ကျောင်းသားသမဂ္ဂ အသီးသီးတို့ တက်ရောက်ခဲ့သည်။
အခမ်းအနားတွင် KSSU မှ အမှာစကားပြောကြားခြင်း၊ အဖွဲ့အသီးသီးမှ ပေးပို့လာသည့်သဝဏ်လွှာများ ဖတ်ကြားခြင်း၊ ဆဲဗင်းဇူလိုင် (7 July) ၏ သမိုင်းနောက်ခံ တင်ပြခြင်းနှင့် ကဗျာရွတ်ဆိုခြင်း စသည့်အစီ အစဉ်များ ပြုလုပ်ခဲ့သည်။
Photo – NMG