စက်လှေများ ကုန်သယ်ခွင့် မရသဖြင့် စောင့်ဆိုင်းနေရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၄ ရက်။ 

သြဂုတ်လအတွက် ကုန်သယ်ယူခွင့် မျှောစာမရရှိသေးသဖြင့် စက်လှေများ စောင့်ဆိုင်းနေရသည်ဟု မြိတ်အခြေစိုက် စက်လှေမောင်းသူ အချို့က ပြောသည်။ 

လူကြီးလမ်းကြောင်း ရှိသည်ဟု ဆိုကာ သြဂုတ်လအတွက် ကုန်ပစ္စည်း သယ်ဆောင်ခွင့် မျှောစာ ထုတ်မပေး သဖြင့် စောင့်ဆိုင်းနေရခြင်းဖြစ်သည်ဟု စက်လှေမောင်းသူများက ပြောသည်။

ကျွန်းစုမြို့နယ် မဲတောကျေးရွာအုပ်စုရှိ ကျေးရွာများဆီသို့ ကုန်ပစ္စည်းများ သယ်ယူ ပို့ဆောင်ပေးနေသည့် စက် လှေများကို စစ်ကောင်စီက အကြောင်းပြချက် အမျိုးမျိုးပြကာ မျှောစာ ထုတ်မပေးသဖြင့် စောင့်ဆိုင်း နေရ သည်ဟု စက်လှေမောင်းသူ တစ်ဦးက ပြောသည်။ 

မြိတ်နှင့် ကျွန်းစုမြို့နယ်များတွင် ယခင်က ကုန်ပစ္စည်း သယ်ယူခွင့် (မျှောစာ)ကို တစ်လလျှင် တစ်ကြိမ် ထုတ်ယူ ခဲ့ရပြီး ယခုသြဂုတ်လအတွက် မျှောစာကို အကြောင်းပြချက် အမျိုးမျိုးပေးကာ ထပ်မံ၍ မထုတ်ပေးသေးခြင်း ကြောင့် မြိတ်မြို့ဆိပ်ကမ်းတွင် စက်လှေများ ပိတ်မိနေကြကာ မျှောစာကို စောင့်ဆိုင်းနေကြရသည်ဟု စက်လှေပိုင်ရှင်များက ပြောသည်။

စက်လှေပိုင်ရှင်တစ်ဦးက မျှောစာလုပ်ဖို့အတွက် လမကုန်ခင်ကတည်းက မြိတ်ကို တက်သွားတာပါ၊ အခုက လူကြီး လမ်းကြောင်းရှိနေလို့ ပြောဆိုနေပြီး မျှောစာကို ထုတ်မပေးသေးဘူး၊ ရွာကိုလည်း ပြန်ခွင့်မပေးသေး တော့ အတော်လေး ပင်ပန်းနေကြရပြီ ဟု ပြောသည်။ 

စစ်ကော်မရှင်မှ မြိတ်ဆိပ်ကမ်းတွင် ရှိနေသည့် ကုန်ပစ္စည်း သယ်ယူပို့ဆောင်ပေးနေသည့် စက်လှေများကို ဇူလိုင် လ မကုန်ခင်လောက်ကတည်းက ကုန်ပစ္စည်း သယ်ယူခွင့်(မျှောစာ) အသစ်လုပ်ရမည် ဆိုသည့် အကြောင်းပြ ချက်ဖြင့် သယ်ယူခွင့်မပေးခဲ့ခြင်း ဖြစ်သည်။ 

မြိတ်မြို့မှ ကုန်တင်ကုန်ချ ပြုလုပ်နေသည့် ကျွန်းစုမြို့နယ်ဘက်မှ စက်လှေများမှာ ကုန်သယ်ယူခွင့် (မျှောစာ)ကို ကျွန်းစုမြို့ပေါ်တွင် သွားရောက် ထုတ်ယူကြရခြင်း ဖြစ်သည်။ 

စက်လှေများသည် လမ်းခရီးတွင် တွေ့ရသည့် စစ်သင်္ဘောများထံ ဆိုက်ကပ်ရကာ ကုန်သယ်ယူခွင့် (မျှောစာ) ကို ထုတ်ပြ စစ်ဆေးခံရပြီး စစ်ကော်မရှင် တာဝန်ရှိသူများက ဖြတ်သန်းခွင့်ပြုမှသာ သွားလာခွင့်ရသည်ဟု စက်လှေ ပိုင်ရှင်များက ဆိုသည်။ 

ယခုကဲ့သို့ စက်လှေများ ထွက်ခွာခွင့်မရသေးဘဲ ကြန့်ကြာနေရသည့် အတွက် ပင်လယ်အတွင်း ကျွန်းများမှ ကျေးရွာများတွင် အခြေခံစားသောက် ကုန်နှင့် ဆန်များ ပြတ်လပ်သွားမည်ကို စိုးရိမ်နေကြရသည်။