ယူကရိန်း၊ အမေရိကန်တို့နှင့် သုံးပွင့်ဆိုင်တွေ့ဆုံရေး ကရင်မလင် ပယ်ချ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၂၀ ရက်။
အမေရိကန် သမ္မတ ဒေါ်နယ် ထရန့်က ရုရှား သမ္မတ နှင့် ယူကရိန်း သမ္မတတို့ တွေ့ဆုံနိုင်ရန် ကြိုးပမ်းနေစဉ်မှာ ပင် ကရင်မလင် နန်းတော်က တွေ့ဆုံရေးကို ပယ်ချလိုက်သည်။
သမ္မတ ဒေါ်နယ် ထရန့်က ရုရှားသမ္မတ ပူတင်နှင့် အလာစကာတွင် တွေ့ဆုံခဲ့ပြီး ယူကရိန်း သမ္မတကိုလည်း အိမ်ဖြူတော်က ဘဲဥပုံ ခန်းမကြီးတွင် တွေ့ဆုံခဲ့သည်။
သမ္မတ သုံးဦး တွေ့ဆုံနိုင်မည်ဟု မျှော်လင့်ကြောင်းလည်း ပြောခဲ့သည်။ ယခုတော့ ထိုကိစ္စများ ဖြစ်မလာတော့ ပေ။
သမ္မတ ထရန့်ကတော့ စစ်ပွဲ ရပ်ဆိုင်းဖို့အတွက် သမ္မတ ပူတင်နှင့် သမ္မတ ဇယ်လန်းစကီးတို့ တွေ့ဆုံဖို့ ထပ်မံ တောင်းဆိုထားသည်။
အဆိုပါ ပဋိပက္ခမှာ “ခက်ခဲတဲ့ ကိစ္စရပ်” ဖြစ်သည်ဟု သမ္မတ ထရန့်က ပြောလိုက်ပြီး သမ္မတ ပူတင်အနေနှင့် ရန်လိုမှုများကို အဆုံးသတ်ရန် စိတ်မဝင်စားခြင်းလည်း ဖြစ်နိုင်သည်ဟု ပြောသည်။
သမ္မတ ပူတင်က စစ်ပွဲ ပြီးဆုံးရေး မလုပ်ခဲ့ပါက “ကြမ်းတမ်းတဲ့ အခြေအနေကို” ရင်ဆိုင်ရလိမ့်မည်ဟု သူက ထပ်မံ ခြိမ်းခြောက်လိုက်သည်။
ယခု တွေ့ဆုံမှုများ မတိုင်ခင်တွင် ရုရှားက ဒွန်ဘာ့စ်နှင့် သိမ်းဆည်းနယ်မြေများကို ၎င်းတို့ကို ပေးပါက စစ်ရပ်ဆိုင်း ပေးမည်ဟု ပြောခဲ့ကြောင်း သမ္မတ ထရန့်က ပြောခဲ့သည်။
ပြီးခဲ့သည့် ရက်ပိုင်းအတွင်း အမေရိကန် သမ္မတသည် ယူကရိန်း သမ္မတနှင့် ဥရောပက ထိပ်သီးခေါင်းဆောင် များနှင့် တွေ့ဆုံပြီး ယူကရိန်း၏ လုံခြုံရေးကို အမေရိကန် နှင့် ဥရောပတို့ ပူးတွဲ တာဝန်ယူသွားမည်ဟု ပြောဆိုခဲ့ သည်။
ထို့နောက်တွင် ရုရှားက တွေ့ဆုံရေးကို ပယ်ချခဲ့ခြင်း ဖြစ်သည်။