ရုပ်ဝတ္ထုပစ္စည်း တစ်ခုလို လေလံပစ်ခံရတဲ့ ကြောင်ကလေး

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၂၈ ရက်။ 

ဒီတခါတော့ “Coal Ball” (မီးသွေးလုံး) လို့ လူအများက နာမည်ပေးထားတဲ့ ကြောင်လေး အကြောင်း ပြောပြ မှာပါ။ 

မီးသွေးလုံး ဆိုတဲ့ ကြောင်လေးက အသက် သုံးနှစ် အရွယ် တရုတ် လီဟွာ အမျိုးအစား ကြောင်လေး ဖြစ်ပါ တယ်။ 

ဩဂုတ်လ ၂၃ ရက်နေ့ကတော့ သူ့ကို တရုတ်နိုင်ငံ အရှေ့ပိုင်းမှာရှိတဲ့ ဘဏ်တစ်ခုက လေလံပစ်တဲ့ ပွဲမှာ တခြား ပစ္စည်းတွေနည်းတူ လေလံ ပစ္စည်းတစ်ခု အနေနဲ့ လေလံ ပစ်ခဲ့တာပါ။ 

ကြောင်ကလေးရဲ့ ပိုင်ရှင်က ဘဏ်ကို အကြွေးပေးစရာ ရှိတာတွေ မပေးနိုင်လို့ မီးသွေးလုံးလေးကို ပိုင်ရှင်ရဲ့ ပိုင်ဆိုင်မှု ထဲက တစ်ခု အဖြစ် ဘဏ်က သိမ်းယူ ထားခဲ့တာပါ။ 

သူ့ကို ဒေါ်လာ ၁၀၀ နဲ့ တန်ဖိုး ဖြတ်ပြီး အကြွေးရဲ့ အစိတ်အပိုင်း ငယ်တစ်ခု အဖြစ် သိမ်းယူခဲ့တာ ဖြစ်ပါတယ်။ 

ကြောင်ကလေး “မီးသွေးလုံး” ကြောင့် အဲဒီ လေလံပွဲကို လူတွေ စိတ်ဝင်စားသွားကြပြီး အွန်လိုင်း လေလံပွဲကို ဝင်ရောက်ကြည့်ရှုသူ ၄၅၀,၀၀၀ ကျော်သွားခဲ့ပါတယ်။ 

ကြောင်လေးကိုလည်း လိုချင်သူတွေ များသွားပြီး ကြိုတင်စပေါ်ငွေ ယွမ် ၅၀ စီ ပေးထားတဲ့ ဝယ်ယူလိုသူက ၅၀၀၀ ရှိခဲ့ပါတယ်။ 

ကြောင်ကလေးကို လေလံပစ်တဲ့ သတင်းက လူအများကြားမှာ ပြန့်နှံ့သွားပြီး နောက်ဆုံးမှာ တရားရုံးက သိသွားပြီးတဲ့နောက် ကြောင်ကလေးကို ပစ္စည်းတစ်ခုအနေနဲ့ လေလံ ပစ်တာကို တရားရုံး အမိန့်နဲ့ ဖျက်သိမ်း ခဲ့ပါတယ်။ 

နောက်ဆုံးမှာတော့ ကြောင်ကလေးကို လူတစ်ယောက်က တာဝန်ခံပြီး မွေးစားဖို့ ခေါ်သွားခဲ့တယ်လို့ Hongxing (ဟောင်ဇင်း) သတင်းဌာနက ဖော်ပြပါတယ်။ 

သူ့ကို လိုချင်လို့ စဘော်ငွေ ပေးထားသူတွေကိုတော့ လေလံပွဲက ငွေပြန်အမ်းပေးခဲ့တယ်လို့ ဆိုပါတယ်။