အစ္စရေးက ကာတာနိုင်ငံ လူနေရပ်ကွက်ကို တိုက်ခိုက်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၁၀ ရက်။

ကာတာ နိုင်ငံ လူနေ ရပ်ကွက်တွင်ရှိသော ဟားမာ့စ်ခေါင်းဆောင်၏ နေအိမ်ကို အစ္စရေး နိုင်ငံက စက်တင်ဘာ ၉ ရက်နေ့တွင် တိုက်ခိုက်ခဲ့သည်။ 

ကာတာ လုံခြုံရေး တပ်ဖွဲ့ဝင် တစ်ဦး အပါအဝင် လူ ၆ ဦး သေဆုံးခဲ့သော်လည်း ခေါင်းဆောင်ပိုင်း ပုဂ္ဂိုလ်များ လွတ်မြောက်ခဲ့သည်ဟု ဟားမာ့စ်က ပြောသည်။ 

 ဂါဇာ တိုက်ခိုက်မှုများ ရပ်စဲရန် အမေရိကန်၏ အဆိုပြုချက်အပေါ် ဆွေးနွေးပွဲ ကျင်းပနေသည့် အချိန်တွင် အစ္စရေးက တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။ 

ကာတာ ဝန်ကြီးချုပ် Sheikh Mohammed bin Abdulrahman Al-Thani က ၎င်းတို့၏ နိုင်ငံတွင် အစ္စရေး၏ တိုက်ခိုက်မှုများကို တုန့်ပြန်ပိုင်ခွင့်ရှိသည်ဟု ပြောသည်။ ယခု တိုက်ခိုက်မှုနှုင့် ပတ်သက်၍ အမေရိကန်က ၁၀ မိနစ်သာ ကြိုတင်သတိပေးခဲ့သည်ဟု သူက ပြောသည်။ 

အမေရိကန် သမ္မတ ဒေါ်နယ် ထရန့်က ယခုတိုက်ခိုက်မှုနဲ့ ပတ်သက်၍ အမေရိကန် စစ်တပ်က အသိပေးခဲ့သောကြောင့် ချက်ချင်းပင် ကာတာ နိုင်ငံကို အကြောင်းကြားရန် အမေရိကန် အထူးကိုယ်စားလှယ်ကို ညွှန်ကြားခဲ့သည်ဟု ဆိုသည်။ 

ယခု တိုက်ခိုက်မှုကြောင့် ကာတာ နိုင်ငံက လက်ခံကျင်းပပေးနေသည့် အစ္စရေးနှင့် ဟားမာ့စ်တို့ အကြား ဂါဇာ အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲ ဆက်ဖြစ်မည်မဖြစ်မည်မှာ မရေ မရာ ဖြစ်သွားခဲ့ရသည်။