R ဇာနည် တကိုယ်တော် ဖျော်ဖြေပွဲ လက်မှတ် ၂၀ အခမဲ့ပေးမည်

သတင်းနှင့် မီဒီယာ ကွန်ရက်။ 
၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၁၈ ရက်။ 

အမေရိကန်နိုင်ငံတွင် ရောက်ရှိနေထိုင်နေသည့် အဆိုတော် Rဇာနည်က သူ၏ One Man Show တကိုယ်တော် ဖျော်ဖြေမှု အစီအစဉ် လက်မှတ် အစောင် ၂၀ ကို ကျောင်းသူကျောင်းသားများအား မေတ္တာ လက်ဆောင် ပေးသွားမည်ဟု Facebook စာမျက်နှာတွင် ပြောထားသည်။ 

Rဇာနည်၏ Unplugged တကိုယ်တော် ဖျော်ဖြေပွဲ အစီအစဉ်ကို လော့စ်အိန်ဂျလိစ်မြို့ (Curtis Center) စင်တာတွင် စက်တင်ဘာလ ၂၀ ရက်နေ့ ညနေ ၆ နာရီခွဲတွင် စတင်မည် ဖြစ်သည်။ 

စနေနေ့တွင် ကျင်းပမည့် ဖျော်ဖြေပွဲကို နယ်စည်းမထား ပဲ့တင်သံများ (Echoes Without Borders) အဖွဲ့က စီစဉ်ခဲ့ခြင်း ဖြစ်သည်။ 

R ဇာနည်၏ Facebook ပို့စ်တွင် ပွဲစီစဉ်သည့် ကျောင်းသူများက ပွဲလက်မှတ် ၂၀ ပေးလာသည့် အတွက် သူ့အနေဖြင့် အနီးအနားတွင် နေထိုင်ကြသော ကျောင်းသူ ကျောင်းသားများကို အခမဲ့ ပေးလိုခြင်း ဖြစ်သည်ဟု ဆိုသည်။ 

အခမဲ့ လက်မှတ်လိုချင်သူများအနေဖြင့် ကျောင်းသားကတ်နဲ့အတူ ဆက်သွယ်နိုင်သည်ဟု ဆိုသည်။ 

တောင်းဆိုသူ ၂၀ ဦး ကျော်ပါက မဲနှိုက်ရွေးချယ်မည်ဟု ဖော်ပြထားသည်။