မော်လ်ဒိုဗာ ပြည်သူများက ဥရောပနှင့် ပေါင်းရန် မဲပေး
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ အာက်တိုဘာလ ၁ ရက်။
မော်လ်ဒိုဗာ ဟု ခေါ်သည့် နိုင်ငံလေးရှိ ပြည်သူများက ရုရှားအပေါ် ကြောက်ရွံ့မှုကို ထင်ထင်ရှားရှား ပြခဲ့ကြသည်။
ဥရောပနဲ့ ယူကရိန်းကြားမှာ ရှိတဲ့ မော်လ်ဒိုဗာ လို့ခေါ်တဲ့ အရှေ့ ဥရောပ နိုင်ငံငယ်လေးတွင် ရွေးကောက်ပွဲ ကျင်းပခဲ့ကြသည်။
နိုင်ငံရေး အင်အားစု နှစ်ခု ရှိနေပြီး လက်ရှိ အာဏာရ PAS ပါတီက ဥရောပနဲ့ ပေါင်းချင်ပြီး အတိုက်အခံများအထဲတွင် ရုရှားဘက်လိုက်လိုသူများ ရှိနေခဲ့သည်။
စက်တင်ဘာ ၂၈ ရက်က ကျင်းပခဲ့သည့် ရွေးကောက်ပွဲ ရလာဒ်များ ယနေ့ ထွက်ပေါ်လာပြီ ဖြစ်သည်။
မော်လ်ဒိုဗာ ပြည်သူများက ဥရောပနဲ့ နီးစပ်ရန် လိုလားသည်ဆိုသည်ကို ပြတ်ပြတ်သားသား ပြသခဲ့ကြသည်။
ရုရှား၏ စွက်ဖက် ဝါဒဖြန့်မှုများ ရှိနေကြောင်း စွပ်စွဲချက်များ ကြားမှပင် ဥရောပ လိုလားသည့် PAS ပါတီက ပါလီမာန်နေရာ အများစုကို အပြတ်အသတ် ဆက်လက် ရယူနိုင်ခဲ့သည်။
ထင်ရှားတဲ့ PAS ပါတီ ကိုယ်စားလှယ် Radu Marian က တော့ သူ၏ Facebook စာမျက်နှာတွင် မော်လ်ဒိုဗာ ၃ – ပူတင် ၀ ဟု တင်ထားခဲ့သည်။