မြန်မာ့ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ နိုင်ငံတကာ သတင်းဌာနကြီးတွေက ဘာ‌တွေ ပြောကြသလဲ။

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅  ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်။

နိုင်ငံ တကာ သတင်းမီဒီယာ ကြီးများ ဖြစ်ကြသည့် CNN, BBC နဲ့ Al Jazeera သတင်းဌာနများက မြန်မာ့ရွေးကောက်ပွဲကို မတူညီသော အမြင်များဖြင့် ချည်းကပ်တင်ပြကြသော်လည်း ဤရွေးကောက်ပွဲသည် မြန်မာနိုင်ငံအခြေအနေကို ပိုမို ရှုတ်ထွေးစေမည်ဟူသော ကောက်ချက်ကိုမူ အတူတကွ ချခဲ့ကြသည်။ 

BBC သတင်းဌာနက မြန်မာ့ ရွေးကောက်ပွဲကို Flawed Elections (အားနည်းချက်များနဲ့ ရွေးကောက်ပွဲ) ဟု ခေါ်ဆို သုံးနှုန်းပြီး CNN သတင်းဌာနကမူ Sham Elections (အတု အယောင် ရွေးကောက်ပွဲ) ဟု ခေါ်ဆိုကြသည်။ Al Jazeera သတင်းဌာနကမူ Divisive Elections (အုပ်စု ကွဲနေသော ရွေးကောက်ပွဲ) ဟု သုံးနှုန်းထားသည်။ 

BBC သတင်းဌာနက မဲပေးနိုင်သည့် နယ်မြေကန့်သတ်ချက်ရှိနေမှုများကို ဖော်ပြထားပြီး မဲဆန္ဒရှင်များ၏ ဆန္ဒသဘောထားကို ကိုယ်စား မပြုနိုင်မှုကို အလေးထားဖော်ပြထားသည်။ မြန်မာနိုင်ငံ စစ်ကော်မရှင် လက်အောက်ရှိ ရွေးကောက်ပွဲ ကော်မရှင်၏ ရွေးကောက်ပွဲမတိုင်မီ မနက် ထုတ်ပြန်ချက်အရ မဲလုံးဝ မပေးနိုင်သည့် မြို့နယ် ၆၅ မြို့နယ် ရှိနေသည်။

CNN သတင်းဌာနကမူ ပထဝီ နိုင်ငံရေး Geopolitics အမြင်ဖြင့် ချည်းကပ်သည်။ ရွေးကောက်ပွဲမှာ စစ်အုပ်စု၏ တရားဝင်ရေး ကျိုးပမ်းမှု တစ်ရပ်အဖြစ် ဖော်ပြထားပြီး ရွေးကောက်ပွဲအပေါ် ဆန့်ကျင်သည့် အနောက်နိုင်ငံများ၏ သဘောထားများကို တင်ပြထားသည်။

Al Jazeera သတင်းဌာနကမူ ရွေးကောက်ပွဲ လုံခြုံရေး နှင့် လူသားချင်း စာနာမှု ရှုထောင့်ကို ဦးစားပေးတင်ပြသည်။ ရွေးကောက်ပွဲကျင်းပသည့် နေရာများ အနီးတဝိုက် လုံခြုံရေး ကင်းမဲ့နေမှု၊ ဗုံးကွဲမှုများနှင့် ဒေသမတည်ငြိမ်မှုများကို ဖော်ပြထားပြီး သန်းပေါင်းများစွာသော စစ်ရှောင်များ မဲပေးခွင့် မရှိသည့် အခြေအနေကို ဇောင်းပေးဖော်ပြထားသည်။

ချည်းကပ်သည့် ရှုထောင့်များ ကွဲပြား ခြားနားကြသော်လည်း တူညီချက်များလည်း ရှိသည်။ သတင်းဌာနကြီး ၃ ခု စလုံးက ဤရွေးကောက်ပွဲသည် မြန်မာနိုင်ငံ၏ ပဋိပက္ခကို ပြေလည်စေမည့်အစား ပိုမိုရှုပ်ထွေးသွားစေနိုင်သည်ဟု ကောက်ချက် စွဲထားကြခြင်းဖြစ်သည်။