သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်။

ကရင်နီပြည်၏ မြို့တော် လွိုင်ကော်တွင် ယနေ့ကျင်းပနေသည့် စစ်ကော်မရှင်၏ ရွေးကောက်ပွဲအတွင်း မဲရုံအနီး တစ်ဝိုက်သို့ ရှော့တိုက်ဒုံးများ ကျရောက်ပေါက်ကွဲခဲ့ခြင်းကြောင့် မဲလာပေးသူ အလွန်နည်းပါးနေသည်ဟု မြို့ခံ များက ပြောသည်။

အလားတူ စစ်ကော်မရှင်ကလည်း မဲလာပေးကြရန် တစ်အိမ်တက်ဆင်း လိုက်လံခေါ်ယူနေရကြောင်း ဒေသခံ များက ပြောသည်။ 

ယနေ့ (ဒီဇင်ဘာ ၂၈ ရက်) နံနက် ၁၀ နာရီဝန်းကျင်မှ စတင်၍ လွိုင်ကော်မြို့တွင်းရှိ မင်္ဂလာရပ်ကွက်နှင့် မိုင်းလုံး ရပ်ကွက်များရှိ မဲရုံအနီးတစ်ဝိုက်သို့ ရှော့တိုက်ဒုံးများ ကျရောက်ခဲ့ခြင်း ဖြစ်သည်။ 

ယင်းသို့ ပစ်ခတ်မှုများကြောင့် မြို့ခံများမှာ စိုးရိမ်ထိတ်လန့်နေကြပြီး မဲရုံများသို့ သွားရောက်သူ မရှိသလောက် နည်းပါးသွားခဲ့သည်။

မင်္ဂလာရပ်ကွက်တွင် နေထိုင်သည့် အမျိုးသားတစ်ဦးက မြေပြင်အခြေအနေကို မဲလာပေးတဲ့သူက အရမ်း နည်းတယ်။ ကြောက်တဲ့လူလောက်ပဲ လာကြတာပါ။ ဒုန်းဒုန်းဒိုင်းဒိုင်းဆိုတော့ ဘယ်လာကြမလဲ။ အခုတော့ သူတို့ခန့်ထားတဲ့ မဲရုံဝန်ထမ်းတွေပဲ ရှိတယ်လို့ ကြားတယ် ဟု ပြောသည်။

လွိုင်ကော်မြို့ရှိ မဲရုံများတွင် စစ်ကော်မရှင်က Signal Jammer (လှိုင်းဖြတ်စက်) များ ဖွင့်ထားပြီး စစ်သားနှင့် ရဲအင်အားအပြည့်ဖြင့် လုံခြုံရေးယူထားသော်လည်း လူထု၏ စိတ်ဝင်စားမှုမှာ အလွန်နည်းပါးနေခြင်း ဖြစ်သည်။ 

ထို့ကြောင့် နမ့်ဘော်ဝမ်ကဲ့သို့ ရပ်ကွက်များတွင် မဲပေးကြရန် တစ်အိမ်တက်ဆင်း လိုက်လံခေါ်ယူမှုများ ရှိနေ သလို၊ သက်ကြီးရွယ်အိုများကိုလည်း Non-CDM ဝန်ထမ်းများက မဲထည့်ရန် လိုက်လံစည်းရုံးနေသည်ဟု ဆိုသည်။

မိုင်းလုံးရပ်ကွက် မဲရုံအနီးတွင် နေထိုင်သူ အမျိုးသမီးတစ်ဦးကလည်း ဒီမှာတော့ ၃ လုံးကျတယ်။ ကျမတို့ နာမည်က မဲစာရင်း မပါဘူး။ ကိုယ်ပေးလည်း သူတို့ပဲ နိုင်မှာဆိုတော့ သွားမပြောတော့ဘူး။ အခုတော့ အတင်း လာခေါ်မှ သွားပေးမယ်ဆိုတဲ့လူက များတယ် ဟု ပြောသည်။

မဲရုံများသို့ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်ခံရမှုကို တန်ပြန်သည့်အနေဖြင့် လွိုင်ကော်မြို့အခြေစိုက် စစ်ကော်မရှင် တပ်ရင်းများဖြစ်သည့် ခလရ ၅၄ နှင့် အမတ ၃၆၅ တို့ကလည်း လက်နက်ကြီးများဖြင့် ပြန်လည်ပစ်ခတ်ခဲ့သဖြင့် မြို့တွင်း၌ စစ်ရေးတင်းမာမှုများ မြင့်တက်နေသည်။ 

ထိုပစ်ခတ်မှုများကြောင့် ထိခိုက်ပျက်စီးမှု အခြေအနေကိုမူ သတင်းနှင့်မီဒီယာ ကွန်ရက် သတင်းဌာနအနေဖြင့် စုံစမ်းနေဆဲ ဖြစ်သည်။

ကရင်နီ အမျိုးသားများ ကာကွယ်ရေးတပ် (KNDF) အပါအဝင် ဒေသခံတော်လှန်ရေး တပ်ဖွဲ့များက စစ်ကော်မ ရှင်၏ အတုအယောင်ရွေးကောက်ပွဲကို နည်းမျိုးစုံဖြင့် ဟန့်တားသွားမည်ဟု ကြိုတင်သတိပေးထားသည့်ကြားမှ စစ်ကော်မရှင်က လွိုင်ကော်မြို့၌ ရွေးကောက်ပွဲကို အတင်းအကျပ် ကျင်းပနေခြင်း ဖြစ်သည်။ 

ယနေ့ညနေ ၄ နာရီတွင် မဲရုံများပိတ်မည်ဟု ကြေညာထားသော်လည်း မြို့ခံအများစုမှာမူ ဘေးလွတ်ရာတွင်သာ ခိုလှုံနေကြရသည်။

လွိုင်ကော် မဲရုံအနီးလျော့တိုက်ဒုံးများ ကျရောက်ပေါက်ကွဲ၊ မဲပေးသူ နည်းပါး