မြောက်ကိုရီးယား ခေါင်းဆောင်ကသမီးဖြစ်သူကို ဆက်ခံသူ အဖြစ် သတ်မှတ်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၃ ရက်။
ကွန်မြူနစ်ဝါဒကို ကျင့်သုံးသည်ဆိုသော်လည်း မြောက်ကိုရီးယားနိုင်ငံတွင် သားစဉ်မြေးဆက် အာဏာဆက်ခံသည့် ပဒေသရာဇ်ဆန်သော စနစ်ကို ဆက်လက်ကျင့်သုံးလျက်ရှိသည်။
လက်ရှိခေါင်းဆောင် ကင်ဂျုံအန်၏ အသက် ၁၃ နှစ်အရွယ် သမီးဖြစ်သူ ကင်ဂျူအေး (Kim Ju Ae) ကို အရိုက်အရာ ဆက်ခံမည့်သူအဖြစ် အတည်ပြု သတ်မှတ်လိုက်ပြီဖြစ်ကြောင်း တောင်ကိုရီးယား ထောက်လှမ်းရေးအေဂျင်စီ (NIS) က ထုတ်ဖော်ပြောကြားခဲ့သည်။
ကင်ဂျူအေးသည် ၂၀၂၅ ခုနှစ်တွင် ဖခင်နှင့်အတူ ပေကျင်းမြို့သို့ ပထမဆုံး ပြည်ပခရီးစဉ် သွားရောက်ခဲ့သလို၊ နိုင်ငံတော် မူဝါဒအချို့တွင်လည်း သူမ၏ ထင်မြင်ချက်များကို ထည့်သွင်းပြောဆိုလာသည့် လက္ခဏာများ တွေ့ရှိရသည်။
ဤဖြစ်ရပ်သည် မြောက်ကိုရီးယား သမိုင်းတစ်လျှောက် ပထမဆုံးသော အမျိုးသမီးခေါင်းဆောင် ပေါ်ထွက်လာစေရန် လမ်းခင်းပေးခြင်းလည်း ဖြစ်သည်။
ကမ္ဘောဒီးယားတွင်လည်း ဟွန်ဆန်ထံမှ သားဖြစ်သူ ဟွန်မာနက်သို့ အာဏာလွှဲပြောင်းခဲ့သည့် ဖြစ်စဉ် ရှိခဲ့သည်။
#မြောက်ကိုရီးယား #ကင်ဂျုံအန်း #ကင်ဂျူအေး #KimJuAe