တရုတ် လျှို့ဝှက်နျူကလီးယားလျို့ဝှက် စမ်းသပ်မှုအပေါ် အမေရိကန်ကအချက်အလက်သစ်များ ထုတ်ဖော်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၈ ရက်။ 

အမေရိကန်အစိုးရသည် ၂၀၂၀ ပြည့်နှစ်အတွင်း တရုတ်နိုင်ငံ၌ ပြုလုပ်ခဲ့သည်ဟု ယူဆရသော မြေအောက်နျူကလီးယား စမ်းသပ်ပေါက်ကွဲမှုဆိုင်ရာ အထောက်အထားသစ်များကို ထုတ်ဖော်လိုက်သည်။ 

လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ခရစ္စတိုဖာ ယော၏ အဆိုအရ ၂၀၂၀ ပြည့်နှစ်၊ ဇွန်လ ၂၂ ရက်နေ့က တရုတ်နိုင်ငံအနောက်ပိုင်း၊ လော့ပ်နော် (Lop Nor) စမ်းသပ်ကွင်းတွင် ပြင်းအား ၂.၇၅ ရှိသော ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့သည်ကို ကာဇက်စတန်ရှိ စောင့်ကြည့်ရေးစခန်းက ဖမ်းယူရရှိခဲ့သည်ဟု ဆိုသည်။ 

အမေရိကန်ဘက်က ယင်းဖြစ်စဉ်သည် နျူကလီးယားစမ်းသပ်မှုဖြစ်ကြောင်း အခိုင်အမာ စွပ်စွဲထားသော်လည်း နိုင်ငံတကာ နျူကလီးယားစမ်းသပ်မှု ပိတ်ပင်ရေးအဖွဲ့ (CTBTO) ကမူ အတည်ပြုရန် အချက်အလက် မလုံလောက်သေးကြောင်း တုံ့ပြန်ထားသည်။ 

တရုတ်အစိုးရကလည်း ယင်းစွပ်စွဲချက်များကို ငြင်းဆိုထားပြီး အမေရိကန်သည် နျူကလီးယားစာချုပ်သစ်အတွက် တရုတ်အပေါ် ဖိအားပေးရန် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေခြင်းဖြစ်ကြောင်း တုံ့ပြန်ထားသည်။

တရုတ်အနေဖြင့် ၂၀၃၀ ခုနှစ်တွင် နျူကလီးယား ထိပ်ဖူး ၁၀၀၀ အထိ ပိုင်ဆိုင်လာမည်ဟု ပင်တဂွန်က ခန့်မှန်းထားသည်။