ဆော်ဒီရှိ CIA စခန်း တိုက်ခံရ၊ ဆော်ဒီ၊ ကူဝိတ်နှင့် လက်ဘနွန်ရှိ အမေရိကန် သံရုံးများ ယာယီပိတ်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ မတ်လ ၄ ရက်။ 

ဆော်ဒီအာရေးဗီးယားနိုင်ငံ၊ ရီယတ်မြို့တော်ရှိ အမေရိကန်သံရုံးဝင်းအတွင်း တည်ရှိသော CIA (ဗဟိုထောက်လှမ်းရေးအေဂျင်စီ) စခန်း ဒရုန်းဖြင့် တိုက်ခိုက်ခြင်း ခံခဲ့ရကြောင်း ဝါရှင်တန်ပို့စ်သတင်းစာက ဖော်ပြသည်။

ပြီးခဲ့သည့် တနင်္လာနေ့တွင် အီရန်နိုင်ငံ၏ လက်ချက်ဟု ယူဆရသော ဒရုန်းနှစ်စင်းသည် သံရုံးဝင်းအတွင်း ကျရောက်ပေါက်ကွဲခဲ့သဖြင့် အဆောက်အအုံ၏ အမိုးတစ်စိတ်တစ်ပိုင်း ပြိုကျပျက်စီးကာ မီးခိုးများ ဖုံးလွှမ်းသွားခဲ့သည်။ 

အမေရိကန်နှင့် ဆော်ဒီအစိုးရတို့သည် သံရုံးဝင်းအတွင်း တိုက်ခိုက်ခံရမှုကို အတည်ပြုသော်လည်း CIA စခန်း ထိမှန်သွားခြင်းကိုမူ လူသိရှင်ကြား ထုတ်ဖော်ပြောကြားခြင်း မရှိပေ။ 

အဆိုပါ တိုက်ခိုက်မှုများကြောင့် အမေရိကန်အစိုးရသည် ဆော်ဒီအာရေးဗီးယား၊ ကူဝိတ်နှင့် လက်ဘနွန်နိုင်ငံတို့ရှိ ၎င်းတို့၏ သံရုံးများကို ယာယီပိတ်သိမ်းလိုက်ပြီဖြစ်သည်။