ဂျပန်နိုင်ငံက ကိုယ်တိုင်ထုတ် အဝေးပစ်ဒုံးကျည်များ စတင်တပ်ဖြန့်မည်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ မတ်လ ၁၀ ရက်။ 

ဂျပန်နိုင်ငံသည် တရုတ်နိုင်ငံအထိ လက်လှမ်းမီနိုင်သော ပြည်တွင်းဖြစ် အဝေးပစ်ဒုံးကျည်များကို စတင်တပ်ဖြန့်ရန် ပြင်ဆင်နေကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။ 

ဂျပန်နိုင်ငံသည် မိမိတို့ဘာသာ တီထွင်ထုတ်လုပ်ထားသည့် မြေပြင်မှ သင်္ဘောပစ် Type-12 အဝေးပစ်ဒုံးကျည်များကို ဂျပန်အနောက်တောင်ပိုင်းရှိ ကန်ဂွန် (Camp Kengun) တပ်စခန်းတွင် လာမည့် မတ်လ ၃၁ ရက်နေ့၌ အပြီးသတ် နေရာချထားမည်ဖြစ်သည်။

မစ်ဆူဘစ်ရှီ အကြီးစားစက်မှုလုပ်ငန်း (Mitsubishi Heavy Industries) မှ ထုတ်လုပ်သည့် အဆိုပါ Type-12 ဒုံးကျည်သည် ကီလိုမီတာ ၁,၀၀၀ အထိ ပစ်ခတ်နိုင်ပြီး၊ ယခင်က ၂၀၀ ကီလိုမီတာသာ ပစ်ခတ်နိုင်ရာမှ သိသိသာသာ တိုးမြှင့်လိုက်ခြင်း ဖြစ်သည်။ 

၎င်းသည် တရုတ်နိုင်ငံအထိ ရောက်ရှိနိုင်သော အကွာအဝေးဖြစ်သည်။ ဝန်ကြီးချုပ် စေနိုင်း တာကာအိချီ Sanae Takaichi ၏ အစိုးရလက်ထက်တွင် ဂျပန်နိုင်ငံသည် စစ်ရေးအင်အားကို မြှင့်တင်လျက်ရှိသည်။ 

လာမည့်သီတင်းပတ်များအတွင်း သေစေနိုင်သော လက်နက်များကို ပြည်ပသို့ တင်ပို့ရောင်းချခွင့်ဆိုင်ရာ ကန့်သတ်ချက်များကိုလည်း ပယ်ဖျက်ရန် စီစဉ်နေသည်။ 

တရုတ်နိုင်ငံက ထိုင်ဝမ်အနီးတွင် စစ်ရေးအရ တင်းမာမှုများ ဖန်တီးနေခြင်းကြောင့် ဂျပန်အစိုးရသည် အဆိုပါဒုံးကျည် တပ်ဖြန့်မှုကို သတ်မှတ်ချိန်ထက် တစ်နှစ်စော၍ အကောင်အထည်ဖော်ခြင်း ဖြစ်သည်။