ကမ္ဘာ့နိုင်ငံများ၏ Work From Home အပါအဝင် စွမ်းအင် ချွေတာရေး အစီအစဉ်အမျိုးမျိုး
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ မတ်လ ၁၁ ရက်။
စွမ်းအင်ရှားပါးမှုနှင့် ဈေးနှုန်းမြင့်တက်မှုတို့ကြောင့် နိုင်ငံအသီးသီးတွင် စွမ်းအင်ချွေတာရေး နည်းလမ်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပါသည်။
ထိုင်းနိုင်ငံဝန်ကြီးချုပ် အနုတင် ချာန်ဗီရာကူးလ်က အစိုးရဝန်ထမ်းများအား အိမ်မှနေ၍ အလုပ်လုပ်ရန် (Work From Home) ညွှန်ကြားထားပြီး ရုံးဌာနများတွင် ဓါတ်လှေကား အစား လှေကားအသုံးပြုရန် နှင့် အဲယားကွန်းအပူချိန်ကို ၂၆-၂၇ ဒီဂရီတွင်သာ ထားရှိရန် အမိန့်ထုတ်ပြန်ထားသည်။
ဖိလစ်ပိုင်နိုင်ငံ တွင် တစ်ပတ်လျှင် (၄) ရက်သာ ရုံးတက်ရသည့်စနစ်ကို ကျင့်သုံးလျက်ရှိသည်။
ဂျာမနီနှင့် စပိန်နိုင်ငံတို့တွင် အများပြည်သူ သယ်ယူပို့ဆောင်ရေးကဏ္ဍတွင် လက်မှတ်ခများကို သိသိသာသာ လျှော့ချပေးကာ တစ်လလုံး သုံးနိုင်သည့် ကတ်ပြားများကို ဈေးပေါပေါ ရောင်းချပေးပြီး ကိုယ်ပိုင်ကားအသုံးပြုမှုကို လျော့ချလျက်ရှိသည်။
ပြင်သစ်နှင့် အီတလီနိုင်ငံတို့တွင် ညဘက်တွင် စီးပွားရေးလုပ်ငန်းသုံး ကြော်ငြာမီးဆိုင်းဘုတ်များ ပိတ်ထားရန် ဥပဒေဖြင့် ကန့်သတ်ထားသည်။
မြန်မာနိုင်ငံတွင် မော်တော်ယာဉ်များကို ကားနံပါတ်အလိုက် စုံရက်၊ မရက် ခွဲခြား၍ တစ်ရက်ခြား အသုံးပြုစေသည့် စနစ်ဖြင့် စက်သုံးဆီချွေတာမှုကို ဆောင်ရွက်လျက်ရှိသည်။