၇.၄ ငလျင်ကြောင့် ဂျပန်တွင် ဆူနာမီ သတိပေးချက် ထုတ်ပြန်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၀ ရက်။

ဂျပန်နိုင်ငံတွင် ယနေ့ (ဧပြီလ ၂၀ ရက်၊ တနင်္လာနေ့) နေ့လယ်ပိုင်းတွင် အင်အားပြင်းငလျင်တစ်ခု လှုပ်ခတ်သွားသည့်အတွက် ဆူနာမီ သတိပေးချက်များ ထုတ်ပြန်ထားသည်။

ဂျပန်နိုင်ငံ မိုးလေဝသဌာန၏ ထုတ်ပြန်ချက်အရ ယနေ့ နေ့လယ်ပိုင်းတွင် ဂျပန်နိုင်ငံ မြောက်ဘက်ကမ်းရိုးတန်း အလွန် ပင်လယ်ပြင်ကို ဗဟိုပြုလျှက် အင်အား ရစ်ခ်ျတာစကေး ၇.၄ အဆင့်ရှိသည့် အင်အားပြင်းငလျင်တစ်ခု လှုပ်ခတ်သွားခဲ့သည်။

ဤငလျင်ကြောင့် ဂျပန် အာဏာပိုင်များက ဆူနာမီသတိပေးချက် ထုတ်ပြန်ထားပြီး အိုင်ဝါတေး (Iwate) စီရင်စုနှင့် ဟော့ကိုင်းဒိုး (Hokkaido) ကျွန်း ကမ်းရိုးတန်းတစ်လျှောက်တွင် အမြင့် ၃ မီတာ (၁၀ ပေခန့်) အထိရှိသည့် ဆူနာမီလှိုင်းများ ရိုက်ခတ်နိုင်သည်ဟု ခန့်မှန်းထားသည်။