ရုရှားတွင် အင်အားပြင်းငလျင် လှုပ်ခတ်ပြီးနောက် အမေရိကန်နှင့် ဂျပန်တွင် ဆူနာမီ သတိပေးချက် ထုတ်ပြန်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၃၀ ရက်။

ရုရှားနိုင်ငံ အရှေ့ဘက် ကမ်းခြေက ကျွန်းဆွယ် တစ်နေရာတွင် အလွန်ပြင်းထန်သည့် ငလျင် လှုပ်ခတ်သွားသော ကြောင့် အမေရိကန်နှင့် ဂျပန်နိုင်ငံက ပြည်သူများ ရွှေ့ပြောင်းနေကြရသည်။

ဇူလိုင်လ ၃၀ ရက်နေ့ ရုရှား စံတော်ချိန် ၁၁ နာရီ ၂၅ မိနစ်တွင် ပြင်းအား ၈.၈ ရှိသည့် ငလျင်က လှုပ်ခတ်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ငလျင်ကြောင့် ရုရှား ကမ်းခြေ၌ ၁၀ ပေ မှ ၁၃ ပေ (၃ မီတာ မှ ၅ မီတာ) ရှိသည့် ဆူနာမီလှိုင်းများကို မှတ်တမ်းတင်ထားနိုင်ခဲ့သည်ဟု ရုရှားက ပြောသည်။

ယခုမှတ်တမ်းတင်နိုင်မှုမှာ ခေတ်သစ်သမိုင်းတွင် မှတ်တမ်းတင်ထားနိုင်သည့် အကြီးမားဆုံး ဆူနာမီလှိုင်း ဖြစ်သည်။

ထို ဆူနာမီ လှိုင်းအရှိန်က ဂျပန်နိုင်ငံ၊ ဟော့ကိုင်းဒိုးကျွန်းက မြို့တစ်မြို့ကို ရောက်ရှိခဲ့သည်။

ဆူနာမီလှိုင်းမှာ ၁ ပေအထိရှိပြီး ဆက်မြင့်တက်လာနိုင်သည်ဟု ဂျပန် ပညာရှင်များက ခန့်မှန်းထားကြသည်။

လက်ရှိတွင် ဂျပန်က လူဦးရေ ၁.၉ သန်းကို နေရာ ရွှေ့ပြောင်းကြရန် သတိပေးထားသည်။

အမေရိကန်က အလက်စကာမြို့နှင့် ဟာဝိုင်အီ၊ ဂူအမ်ကျွန်းတို့အပြင် နယူးဇီလန်၊ တရုတ်၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ ပီရူးနိုင်ငံတို့နှင့် အီကွေဒေါနိုင်ငံက ဂါလာပါဂိုကျွန်းတွင်လည်း ဆူနာမီ သတိပေးချက်များ ထုတ်ပြန်ထားသည်။

ဓါတ်ပုံ – USA Today