NATO နိုင်ငံများအား ကျူးကျော်မှုအတွက် ရုရှားအား သတိပေး

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၂၄ ရက်။ 

အက်စ်တိုးနီးယား လေပိုင်နက်ကို ရုရှားက ကျူးကျော်ပြီးနောက် NATO အဖွဲ့က မလိုလားအပ်သော လုပ်ဆောင်မှုများအား အရှိန်မြှင့်ပြီး မလုပ်ရန် ရုရှားအား သတိပေးလိုက်သည်။ 

ရုရှား၏ အက်စ်တိုးနီးယား လေပိုင်နက်ကျူးကျော်မှုကို NATO အဖွဲ့က ကန့်ကွက်လိုက်ပြီး မိမိကိုယ်ကိုယ် ကာကွယ်ရန် “ လိုအပ်သည့် စစ်ရေးနှင့် စစ်ရေးမဟုတ်သည့် နည်းလမ်းများ အားလုံး” အသုံးပြုသွားမည်ဟု စက်တင်ဘာ ၂၃ ရက် အင်္ဂါနေ့က သတိပေးလိုက်သည်။ 

နေတိုးအဖွဲ့၏ အီတလီ လေယာဉ်များက မောင်းမထုတ်မီအချိန်အထိ ရုရှား၏ MiG 31 ဂျက်တိုက်လေယာဉ် သုံးစီးသည် အက်စ်တိုးနီးယား လေပိုင်နက်အတွင်း ၁၂ မိနစ်ကြာအောင် သောကြာနေ့က ကျူးကျော်ခဲ့သည်ဟု အက်စ်တိုးနီးယားက ပြောသည်။ 

ထိုအချိန်မတိုင်မီ ရက်သတ္တတပတ်က ရုရှား ဒရုန်း ၂၀ သည် ပိုလန်လေပိုင်နက်ကို ကျူးကျော်ခဲ့သေးသည်။ 

လေယာဉ် ကျူးကျော်မှုများသည် အမှန်တကယ် ခြိမ်းခြောက်မှု ရှိနေမည်ဆိုပါက နေတိုး တပ်မှူးများ အနေဖြင့် အဆုံးစွန် ဆုံးဖြတ်ချက်မျိုးကို လုပ်နိုင်ရန် အခွင့်အာဏာ ရှိသည်ဟု နေတိုး အတွင်းရေးမှူးချုပ် Mark Rutte က ပြောသည်။