သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၁၆ ရက်။
ရခိုင်ဒေသတွင်း ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ပြီးနောက် နောက်ဆက်တွဲအကျိုးဆက်အဖြစ် ကျန်းမာရေး၊ သောက်သုံးရေနှင့် ရိက္ခာအခက်အခဲများအပြင် ရေစီးနှင့်အတူ မျောပါရွေ့လျားလာနိုင်သည့် စစ်ကျန်လက်နက်နှင့် မိုင်းအန္တရာယ်များကိုပါ အထူးသတိထားရန် လိုအပ်လာကြောင်း ဒေသခံများနှင့် ကယ်ဆယ်ရေးသမားများက ပြောသည်။
ပြီးခဲ့သည့် ဇူလိုင်လ ၄ ရက်နေ့မှ စတင်ကာ မိုးအဆက်မပြတ် ရွာသွန်းခဲ့ခြင်းကြောင့် ချင်းပြည်၊ ပလက်ဝမြို့နယ် အပါအဝင် ရခိုင်ပြည်အတွင်းရှိ ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦးနှင့် မင်းပြားစသည့် မြို့နယ်များတွင် ရေကြီးရေလျှံမှုများ ဆိုးဆိုးရွားရွား ဖြစ်ပေါ်ခဲ့သည်။
ထိုသို့ ရေကြီးမှုကြောင့် ဒေသတွင်းရှိ သောက်သုံးရေကန်အများအပြား ရေနစ်မြုပ်ပျက်စီးခဲ့ရသဖြင့် လက်ရှိတွင် ဒေသခံများ သောက်သုံးရေ အပြင်းအထန် ရှားပါးနေခြင်းဖြစ်သည်။
ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ရေဘေးကယ်ဆယ်ရေး လုပ်ဆောင်နေသည့် အမျိုးသမီးတစ်ဦးက “နောက်ဆက် တွဲအနေနဲ့ ရေကန်တချို့ကို သန့်ရှင်းရေးလုပ်ဆောင်ပေးနေတာတွေရှိတယ်။ အားလုံးတော့ မနိုင်သေးဘူး။ ကျောက်တော်၊ မင်းပြား၊ မြောက်ဦးဘက်တွေမှာ လုပ်ဆောင်နေပါတယ်။ စစ်လက်နက်လက်ကျန်တွေ ရေဘေး ကြောင့်နေရာရွှေ့နိုင်တယ်ဆိုတာ တပ်တော်က သတိပေးတာ၊ ပြောဆိုတာတွေရှိတယ်။ ဒါတွေလည်း သတိထား ရမယ်။ ကိုယ်အင်အားနဲ့ ကိုယ်လုပ်ရပေမယ့် အခုရေဘေးမှာ သေဆုံးမှုနည်းအောင် ရိက္ခာလောက်အောင် တတ် နိုင်သလောက် လုပ်ပေးခဲ့ပါတယ်” ဟု ပြောသည်။
မင်းပြားမြို့နယ်အတွင်းရှိ ပန်းမြောင်းကြီးချောင်းတစ်လျှောက်က အသေကာလ၊ ဒုံးသား၊ ဒုံကြီး၊ တောတန်း၊ ချင်းဆိပ်၊ တံခွန်တိုင်၊ ကုလားမတောင်၊ ဝါးတောင်၊ မြင်းကမ်းဆိပ်၊ မင်းဖူး၊ ပုလဲတောင်၊ ကပ္ပဲ၊ ချောင်းတို၊ သာစည်၊ ပွဲရကန်ဆိပ်၊ ရွှေကျန်၊ အိုးပျဉ်တောင်၊ အညှင်းတောင်၊ ပြင်ယောင်း၊ ပေါက်တော၊ ခွဆုံ၊ ဇိုင်ချောင်းနှင့် ငတာရွာ စသည့် ကျေးရွာများရှိ သောက်သုံးရေကန်များမှာ ရေနစ်မြုပ်ခဲ့ရသည်။
အလားတူ ကျောက်တော်မြို့နယ်ရှိ မဟာမုနိ၊ ညောင်ချောင်း၊ စပါးဆိပ်၊ သရက်တပင်၊ ပန်းဖဲချောင်း၊ ကန်သုံး ဆင့်၊ ဝါးတောင်၊ ပြိုင်းချောင်း၊ ပြိန်းချောင်းနှင့် လမုတပင် စသည့် ကျေးရွာများတွင်လည်း သောက်သုံးရေကန် များအားလုံး ရေနစ်မြုပ်သွားခဲ့သည်။
ဒေသခံကျန်းမာရေးဝန်ထမ်းတစ်ဦးက “မိုးရာသီသွေးလွန်တုတ်ကွေး၊ ငှက်ဖျား၊ ဝမ်းရောဂါတွေက ရေကြီး ပြီးစမှာ ဖြစ်တတ်တယ်။ ကျနော်တို့တွေ့ရသလောက် တချို့မြို့နယ်တွေမှာ ရေတွင်းရေကန်တွေနစ်မြုပ်တော့ မြောင်းရေတွေ၊ စိမ့်စမ်းချောင်းရေ၊ ချောင်းရေတွေကို သုံးစွဲနေရတော့ ဝမ်းရောဂါအထူးသတိထားရမယ်” ဟု ပြောသည်။
ကျန်းမာရေး အန္တရာယ်များအပြင် ရေကြီးရေလျှံမှုကြောင့် ရေပြန်ကျသွားချိန်တွင် တိုက်ပွဲများအတွင်း မပေါက် ကွဲဘဲ ကျန်ရှိနေခဲ့သည့် မြေမြှုပ်မိုင်းများ၊ ပေါက်ကွဲစေတတ်သော ပစ္စည်းများနှင့် စွန့်ပစ်စစ်ကျန် လက်နက်များ သည် ရေစီးနှင့်အတူ နေရာရွေ့လျားလာခြင်း၊ မြေပေါ်သို့ ပေါ်ထွက်လာခြင်း သို့မဟုတ် ရွှံ့၊ သဲနှင့် အမှိုက်များ အောက်တွင် ဖုံးကွယ်နေနိုင်ခြင်းတို့ကြောင့် ပြည်သူများအနေဖြင့် အထူးသတိပြုကြရန် လိုအပ်လျက်ရှိသည်။
သို့ဖြစ်ရာ မိဘပြည်သူများအနေဖြင့် မြေမြှုပ်မိုင်းများ၊ လက်ပစ်ဗုံးများနှင့် ပေါက်ကွဲစေတတ်သည်ဟု ထင်ရ သော မသင်္ကာစရာပစ္စည်းများကို တွေ့ရှိပါက ကိုင်တွယ်ကောက်ယူခြင်း၊ နေရာရွှေ့ပြောင်းခြင်း၊ နေအိမ်သို့ ယူဆောင်လာခြင်းနှင့် စူးစမ်းလိုစိတ်ဖြင့် ထုရိုက်ဖျက်ဆီးခြင်းများ လုံးဝမပြုလုပ်ကြဘဲ သက်ဆိုင်ရာ တာဝန်ရှိ သူများထံသို့ အမြန်ဆုံး သွားရောက်အကြောင်းကြားပေးကြပါရန် တိုက်တွန်းနှိုးဆော်ထားသည်။
#ရခိုင်ရေကြီးရေလျှံ #ရေဘေး #စစ်လက်ကျန်ပစ္စည်း #ရောဂါ
ရခိုင်ရေဘေးအလွန် ရောဂါဘယနှင့် စစ်ကျန်လက်နက်အန္တရာယ် သတိပြုရန်လို