ယူကရိန်းကာကွယ်ရေးဦးစီးချုပ်အသစ်ကို ရာထူးမှ ထုတ်ပယ်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၂၂ ရက်။
ဆန္ဒပြပွဲများ ဖြစ်ပွားခဲ့ပြီးနောက် ယူကရိန်းသမ္မတ ဗိုလိုဒီမီယာ ဇယ်လန်စကီးက တပ်မတော် ကာကွယ်ရေးဦးစီးချုပ် အိုလက်ဇန်းဒါး ဆားစကီး (Oleksandr Syrskyi) ကို ရာထူးမှ ထုတ်ပယ်လိုက်သည်။
ဒီဖြစ်စဉ်သည် လူထုထောက်ခံမှုရရှိထားသည့် ကာကွယ်ရေးဝန်ကြီး မီခါအီလို ဖီဒိုရော့ဗ် (Mykhailo Fedorov) ရာထူးမှ ဖယ်ရှားခံခဲ့ရအပြီး တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဆန္ဒပြပွဲများ ပေါ်ပေါက်ခဲ့ပြီးနောက် ဆက်တိုက်ဆိုသလို ဖြစ်ပွားလာခဲ့ခြင်းဖြစ်သည်။
အသက် ၃၅ နှစ်အရွယ် ကာကွယ်ရေးဝန်ကြီးဟောင်း ဖီဒိုရော့ဗ်သည် တပ်မတော်ကို နည်းပညာဖြင့် မွမ်းမံခဲ့ပြီး ဒရုန်းတပ်ဖွဲ့များနှင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးတွင် လူထုထောက်ခံမှု အကြီးအကျယ် ရရှိထားသူဖြစ်သည်။
သို့သော် အသက် ၆၀ အရွယ် ကာကွယ်ရေးဦးစီးချုပ် ဆားစကီးမှာမူ စိုဗီယက်စတိုင် စစ်တပ်အယူအဆဟောင်းများကို ဦးစားပေးသူဖြစ်သဖြင့် ၎င်းတို့နှစ်ဦးကြား သဘောထားကွဲလွဲမှုများ ရှိခဲ့သည်။
ဝန်ကြီး ဖီဒိုရော့ဗ် ရာထူးမှ ဖယ်ရှားခံရပြီးနောက် ပြည်သူများက ၆ ရက်ဆက်တိုက် လမ်းပေါ်ထွက် ဆန္ဒပြခဲ့ကြသဖြင့် သမ္မတ ဇယ်လန်စကီးသည် လူထုဖိအားကြောင့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဆားစကီးကိုပါ ရာထူးမှ ထုတ်ပယ်ခဲ့ရခြင်းဖြစ်သည်။
ဆားစကီး၏ နေရာတွင် စစ်ပွဲအတွေ့အကြုံ ရင့်ကျက်ပြီး လူထုကြိုက် အသက် ၄၃ နှစ်အရွယ် ဗိုလ်ချုပ် မီခါအီလို ဒရာပါတီ (Mykhailo Drapatyi) အား ကာကွယ်ရေးဦးစီးချုပ်အသစ်အဖြစ် အစားထိုး ခန့်အပ်လိုက်သည်။