ရုရှားပိုင်နက်အတွင်း တိုက်ခိုက်နိုင်သည့် ဘော်လစ်စတစ်ဒုံးကျည်များ နှစ်မကုန်မီ ယူကရိန်း ထုတ်မည်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၁၇ ရက်။
ယူကရိန်းနိုင်ငံသည် နောက် ၃ လမှ ၆ လအတွင်း ရုရှားနိုင်ငံအတွင်းထဲအထိ တိုက်ခိုက်နိုင်မည့် ပြည်တွင်းထုတ် ဘော်လစ်စတစ် ပဲ့ထိန်းဒုံးကျည်များကို စတင်အသုံးပြုနိုင်တော့မည်ဖြစ်ကြောင်း ယူကရိန်း ကာကွယ်ရေးဝန်ကြီးဟောင်း မီခါအီလို ဖီဒိုရောဗ် (Mykhailo Fedorov) က CBS News နှင့် ပြုလုပ်သည့် အင်တာဗျူးတွင် ပြောကြားခဲ့သည်။
ယူကရိန်းအနေဖြင့် ယခင်က ရုရှားပိုင်နက်အတွင်း သွားရောက်တိုက်ခိုက်ရာတွင် အဝေးပစ်ဒရုန်းများနှင့် အနိမ့်ပျံပဲ့ထိန်းဒုံးကျည်များကိုသာ အဓိက အားကိုးခဲ့ရပြီး ယင်းလက်နက်များသည် ပျံသန်းမှု နှေးကွေးသည့် အားနည်းချက်ရှိခဲ့သည်။
ရုရှားဘက်က ဘော်လစ်စတစ်ဒုံးကျည်များကို ဆက်တိုက်အသုံးပြုနေသည့်အတွက် ယူကရိန်းကလည်း နဂိုထက် ပိုမိုလျင်မြန်ပြီး လေထုအထက် အာကာသအထိ ပျံသန်းကာ အသံထက်မြန်သည့် အရှိန်ဖြင့် ပစ်မှတ်ကို ထိမှန်နိုင်သည့် ကိုယ်ပိုင်ဘော်လစ်စတစ် ဒုံးကျည် ထုတ်လုပ်မှု နည်းပညာကို အရှိန်အဟုန်မြှင့် လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။
Photo:AP