ပြင်သစ် အနောက်တောင်ပိုင်းတွင် တောမီးကြောင့်လူနှစ်သောင်းနီးပါး အရေးပေါ် ရွှေ့ပြောင်း

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၂၄ ရက်။ 

ပြင်သစ်နိုင်ငံ အနောက်တောင်ပိုင်းတွင် တောမီးများ အပြင်းအထန် ကူးစက်လောင်ကျွမ်းနေမှုကြောင့် ဒေသခံများနှင့် စခန်းချ ခရီးသွား ၁၀,၀၀၀ အပါအဝင် စုစုပေါင်း လူပေါင်း ၂၀,၀၀၀ နီးပါးကို ဘေးလွတ်ရာသို့ အရေးပေါ် ရွှေ့ပြောင်းပေးနေရသည်ဟု ဆိုသည်။ 

ပြင်သစ်အာဏာပိုင်များ၏ ထုတ်ပြန်ချက်အရ မြေဧက ၈,၀၀၀ ကျော် မီးလောင်ပျက်စီးခဲ့ပြီး မီးသတ်သမား ရာပေါင်းများစွာက ငြှိမ်းသတ်နေသော်လည်း ရာသီဥတု ပူပြင်းမှုနှင့် လေပြင်းတိုက်ခတ်မှုများကြောင့် မီးညွန့်ကို ထိန်းချုပ်ရန် ခက်ခဲလျက်ရှိသည်။ 

ပြီးခဲ့သည့် ရက်ပိုင်းကလည်း မီးငြှိမ်းသတ်ရေး လုပ်ဆောင်စဉ် မီးသတ်သမား ၂ ဦး သေဆုံးခဲ့ရသည်။

ယခုနှစ်အတွင်း ဥရောပတစ်ခွင် အပူလှိုင်း မကြာခဏ ရိုက်ခတ်နေမှုနှင့်အတူ ပြင်သစ်နိုင်ငံအပြင် စပိန်နှင့် အီတလီနိုင်ငံတို့တွင်လည်း တောမီးများ ဆက်တိုက် လောင်ကျွမ်းလျက်ရှိသည်။

Photo:Reuters