ရုရှားအပေါ် ၂၁ ကြိမ်မြောက် ပိတ်ဆို့အရေးယူမှု EU အတည်ပြု
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၂၄ ရက်။
ဥရောပသမဂ္ဂ (EU) က ရုရှားနိုင်ငံအပေါ် ၂၁ ကြိမ်မြောက် ပိတ်ဆို့အရေးယူမှုအသစ်ကို အတည်ပြုလိုက်ပြီး ရုရှား၏ ဘဏ်လုပ်ငန်းနှင့် ခရစ်ပတို (Crypto) ငွေကြေးကွန်ရက်များကို အဓိက ပစ်မှတ်ထားလိုက်သည်။
ယခု ပိတ်ဆို့အရေးယူမှုတွင် ရုရှား ဘဏ္ဍာရေးအဖွဲ့အစည်း ၉၄ ခုနှင့် မော်စကို စတော့အိတ်ချိန်းတို့ အပါအဝင် လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းပေါင်း ၂၁၈ ခု ပါဝင်သည်။
ယင်းအနက် ဘဏ် ၃၃ ခုကို ကမ္ဘာ့ဘဏ်များ ငွေလွှဲပြောင်းရေးစနစ် (SWIFT) မှ လုံးဝ ပိတ်ပင်လိုက်သည့်အပြင် ရုရှား၏ ရေနံမှောင်ခို သင်္ဘော အစင်း ၄၀ ကျော်၊ ဒရုန်းထုတ်လုပ်သည့် စက်ရုံများနှင့် ရေနံချက်စက်ရုံများကိုပါ ဒဏ်ခတ်ပိတ်ဆို့ခဲ့သည်။
သို့သော် ဂရိနိုင်ငံ၏ တောင်းဆိုချက်အရ ရုရှား သဘာဝဓာတ်ငွေ့ (LNG) များကို တတိယနိုင်ငံများသို့ ပြန်လည်ပို့ဆောင်ခွင့်ကို ၁ နှစ် သက်တမ်းတိုး ကင်းလွှတ်ခွင့် ပေးခဲ့သည်။
EU ၏ နိုင်ငံခြားရေးမူဝါဒ အကြီးအကဲ Kaja Kallas က ယခုပိတ်ဆို့မှုသည် လွန်ခဲ့သည့် ၄ နှစ်အတွင်း ပစ်မှတ်အများဆုံး ပါဝင်သည့် ပိတ်ဆို့မှုဖြစ်ကြောင်း ပြောဆိုခဲ့သည်။
Photo:AP