ဂြိုလ်တုတင် တရုတ် ဒုံးပျံ စက္ကန့်ပိုင်းအတွင်း ပေါက်ကွဲ ပျက်စီး 

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၁၂ ရက်။ 

တရုတ်နိုင်ငံ၏ ဆက်သွယ်ရေးဂြိုဟ်တု တင်ဆောင်လာသည့် ဒုံးပျံတစ်စီးသည် လွှတ်တင်အပြီး ပျံသန်းစဉ်အတွင်း ပေါက်ကွဲပျက်စီးသွားခဲ့ကြောင်း တရုတ်နိုင်ငံပိုင် မီဒီယာများက သတင်းဖော်ပြခဲ့သည်။

အဆိုပါ လွှတ်တင်မှုသည် တရုတ်နိုင်ငံ အာကာသအစီအစဉ်၏ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး တောင်ပိုင်း ဟိုင်နန်ကျွန်းရှိ အာကာသယာဉ် လွှတ်တင်ရေးစခန်းမှ Long March 7A ဒုံးပျံဖြင့် ChinaSat 4B ဆက်သွယ်ရေးဂြိုဟ်တုကို လွှတ်တင်ခဲ့ခြင်းဖြစ်သည်။

ဆင်ဟွာ (Xinhua) သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ ဒုံးပျံသည် ပျံသန်းစဉ်အတွင်း ပုံမှန်မဟုတ်သည့် ချို့ယွင်းချက် ဖြစ်ပေါ်ခဲ့ပြီး လွှတ်တင်မှု ပန်းတိုင် မအောင်မမြင်ဖြစ်ခဲ့ခြင်း ဖြစ်သည်။ 

Long March 7A ဒုံးပျံသည် ၂၀၂၀ ပြည့်နှစ် မတ်လက ပထမဆုံးအကြိမ် လွှတ်တင်စဉ်တွင်လည်း ချို့ယွင်းမှုဖြစ်ပေါ်ခဲ့ဖူးပြီး ယခုဖြစ်စဉ်သည် အဆိုပါ ဒုံးပျံအမျိုးအစား၏ ဒုတိယအကြိမ်မြောက် မအောင်မြင်သည့် သတင်းထုတ်ပြန်ချက် ဖြစ်သည်။