အမေရိကန်လေယာဉ်တင်သင်္ဘောမှ စစ်သည်များ ပတ္တယားတွင် အနားယူမည်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၂၇ ရက်။ 

အရှေ့အလယ်ပိုင်း စစ်ဆင်ရေးဒေသတွင် တာဝန်ထမ်းဆောင်ခဲ့သည့် အမေရိကန် လေယာဉ်တင် စစ်သင်္ဘောကြီး ယူအက်စ်အက်စ် အီဘရာဟင် လင်ကွန်း (USS Abraham Lincoln) နှင့် အစောင့်သင်္ဘော ၂ စင်းသည် လာမည့် စက်တင်ဘာလ ၂ ရက်မှ ၆ ရက်နေ့အထိ ထိုင်းနိုင်ငံ၊ စတ္တဟိပ် ရေတပ်စခန်းသို့ စစ်သည်များ ခေတ္တ အနားယူရန်အတွက် ဝင်ရောက်ဆိုက်ကပ်မည် ဖြစ်သည်။

အဆိုပါ စစ်သင်္ဘောပေါ်တွင် စစ်သည်အင်အား ၅,၀၀၀ ခန့် ပါဝင်ပြီး ပင်လယ်ပြင်၌ ရက်ပေါင်း ၂၅၀ ကျော်ကြာ ကမ်းမကပ်ဘဲ စံချိန်တင် တာဝန်ထမ်းဆောင်ခဲ့ရခြင်း ဖြစ်သည်။ 

သင်္ဘောပေါ်တွင် အအစားအသောက်နှင့် သောက်သုံးရေ အခက်အခဲများ ကြုံတွေ့ခဲ့ရပြီး စစ်သည်အချို့ စိတ်ဓာတ်ကျဆင်းမှုများ ရှိခဲ့ကြောင်း သတင်းများ ထွက်ပေါ်ခဲ့သော်လည်း အမေရိကန် ကာကွယ်ရေးဝန်ကြီးက အဆိုပါ ပြောဆိုချက်များကို ငြင်းဆိုထားသည်။

ထိုင်းစစ်တပ်ဘက်ကမူ ယင်းလည်ပတ်မှုသည် စစ်ရေးလေ့ကျင့်မှု မဟုတ်ဘဲ အမေရိကန်၊ တရုတ်နှင့် ရုရှား စစ်သင်္ဘောများကို တန်းတူ ကြိုဆိုကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။  

ပတ္တယား မြို့တော်ဝန်ကလည်း စစ်သည် ၅,၀၀၀ လာရောက်မှုကို ပတ္တယားက ကြိုဆိုဧည့်ခံရန် အသင့်ရှိကြောင်း ပြောဆိုခဲ့သည်။