စစ်အုပ်ချုပ်ရေး ကြေညာချက် ဟိုင်ဂင်သဘောတူညီချက် လက်တွေ့ဖော်ဆောင်မှု အခက်တွေ့နိုင်ဟု ညီနောင်မဟာမိတ် ဆို

ညီနောင်မဟာမိတ် ၃ ဖွဲ့က အပြည့်အဝ ထိန်းချုပ်ပြီး အုပ်ချုပ်ရေးလုပ်ငန်းတွေ စီမံအကောင်အထည်ဖော်နေတဲ့ ရှမ်းပြည်မြောက်ပိုင်းက မြို့ ၃ မြို့ကို စစ်အုပ်ချုပ်ရေးကြေညာတာဟာဟိုင်ဂင်အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ကို လက်တွေ့အကောင်အထည်ဖော်ဆောင်ရာမှာ အခက်အခဲတွေ ဖြစ်ပေါ်လာမှာကို အထူးစိုးရိမ်တယ်လို့ ညီနောင်မဟာမိတ် ၃ ဖွဲ့က ပြောပါတယ်။