တိုင်းရင်းသား ဘာသာ သတင်းအစီအစဉ် (၂၇ – ၅ – ၂၄)

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်ထဲက ခတ်ချိုရွာမှာ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ပစ်ခတ်တာကြောင့် အနည်းဆုံးအရပ်သား ၈ ယောက် သေဆုံးခဲ့တယ်လို့ နီးစပ်သူတွေက ပြောပါတယ်။ 

အာရက္ခတပ်တော်(AA)ရဲ့ အရာရှိလေ့ကျင့်ရေးသင်တန်း အမှတ်စဉ် (၃) သင်တန်းဆင်းပွဲအခမ်းအနားကို မေလ ၂၀ ရက်နေ့မှာ ကျင်းပပြီးစီးခဲ့တယ်လို့ AA က မေလ ၂၃ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

ထိုင်း-ကရင်နီနယ်စပ်မှာရှိတဲ့ ဒေါနိုးကူး ကရင်နီစစ်ဘေးရှောင်တွေအတွက် နေရာအတည်အကျ စီစဉ်ပေးဖို့ တောင်းဆိုထားပါတယ်။ ဒေါနိုးကူးစစ်ရှောင်တွေရဲ့ လက်ရှိအခြေအနေက ဘယ်လိုရှိသလဲဆိုတာကိုလည်း တင်ဆက်ပေးမှာဖြစ်ပါတယ်။