ဝိုင်းမော်-လိုင်ဇာ-ဗန်းမော် လမ်းကြောကို KIA ထိန်းချုပ်နိုင်ပြီ

စစ်ရေးဗျူဟာအရ အရေးပါတဲ့ စစ်ကောင်စီတပ်ရဲ့ ကချင်ပြည်၊ ဝိုင်းမော်မြို့ နယ်ထဲက ရွှေညောင်ပင်ရွာမှာ အခြေစိုက်တဲ့ ခမရ ၃၂၁ တပ်စခန်းကို သိမ်းပိုက်လိုက်နိုင်ပြီဖြစ်လို့ ဝိုင်းမော်-လိုင်ဇာ-ဗန်းမော် ကားလမ်းတစ်ကြောကို ထိန်းချုပ်နိုင်ပြီလို့ ကချင်လွတ်လပ်ရေးအဖွဲ့ KIO က ပြောပါတယ်။ အားမီက စုစည်းတင်ဆက်ထားပါတယ်။