စစ်ကောင်စီ လက်နက်ကြီးကြောင့် Mytel တာဝါတိုင် ပျက်စီး။
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဧပြီလ ၁ ရက် ။
စစ်ကောင်စီရေတပ်နှင့် ကျွန်းစုမြို့နယ် ပြည်သူကာကွယ်ရေးတပ်တို့ ဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ပစ်ခတ်သည့်လက်နက်ကြီးကြောင့် Mytel တာဝါတိုင် ပျက်စီးသွားပြီး ဖုန်းလိုင်းများပြတ်တောက်ကုန်ကြောင်း ဒေသခံများက ပြောသည်။
မတ်လ ၂၆ ရက်နေ့က မြိတ်ခရိုင် ကျွန်းစုမြို့နယ် စစ်သင်္ဘောများဖြင့် သွား လာနေသည့် စစ်ကောင်စီတပ်နှင့်ကျွန်း စုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားစဥ် ဝန်တောင်ကျေးရွာအတွင်းသို့ လက်နက် ကြီးဖြင့်ပစ်ခတ်ရာ Mytel ဖုန်းတာဝါတိုင် ထိမှန်ပျက်စီးသွားသည်ဟု ဝန်တောင်ကျေးရွာသားများကပြောသည်။
ပင်လယ်ပြင်ရှိ စစ်သင်္ဘောပေါ်ကလက် နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ ရွာသားများထိခိုက်မှု မရှိခဲ့ဘဲ ကျေးရွာမှလှေများ ဖြင့်ထွက်ပြေးတိမ်းရှောင်နေကြသလို ဥယျာဉ်ခြံများအတွင်း ထွက်ပြေးသူများလည်းရှိကြောင်း အသက် ၄၀ခန့်အရွယ် ရွာသားတစ်ဦးက ဆိုသည်။
“တဂျိမ်းဂျိမ်းနဲ့ လက်နက်ကြီးပစ်နေတာ ရွာမှာက လူမရှိကြတော့ဘူး၊ စစ် တပ်ကလည်း တစ်ရွာလုံးကို ပြောင်းခိုင်းထားတယ်၊ ရွာသားတွေက လက် နက်ကြီးပစ်တာနဲ့ လေယာဥ်နဲ့ ဗုံးလာကြဲမှာကိုလည်း ကြောက်နေကြတယ်” ဟု ၄င်းက ပြောသည်။
လက်ရှိဖြစ်ပွားခဲ့သည့်တိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်မှုအခြေအနေကိုတော့ စုံစမ်းနေဆဲဖြစ်သည်။
ဝန်တောင်ကျေးရွာရှိ Mytel ဖုန်းတာဝါတိုင်ပျက်စီးသွားသည့်အတွက် အနီးအ နားဝန်းကျင်ရှိ ကျေးရွာများစုတွင်လည်း ဖုန်းလိုင်းများ ပြတ်တောက်သွားသည်ဟု ရွာသားများက ဆိုသည်။