ကမ္ဘောဒီးယား နယ်စပ်တွင် မိုင်းနှင့် ပေါက်ကွဲတတ်သော ပစ္စည်း ၂၄၀၀ ကျော်တွေ့
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၁၆ ရက်။
အပစ်ရပ် သဘောတူညီချက်ရပြီးနောက်တွင် ကမ္ဘောဒီးယား နယ်စပ်တလျောက် မိုင်းနဲ့ မပေါက်ကွဲသေးသည့် ဗုံးသီး စုစုပေါင်း ၂,၄၀၀ ကျော် တွေ့ရှိခဲ့သည်ဟု ထိုင်းနိုင်ငံ မိုင်းလှုပ်ရှားမှု စင်တာ (Thai Mine Action Center) က ပြောသည်။
ထိုင်း-ကမ္ဘောဒီးယား နယ်စပ်က Phu Makua, Chong An Ma နဲ့ Chong Bok ဧရိယာ သုံးခုကို ဩဂုတ်လ ၁၀ ရက်က ၂၃ ရက်အတွင်းနဲ့ ဩဂုတ် ၂၉ ရက်ကနေ စက်တင်ဘာလ ၁၁ ရက်နေ့အထိ ရှင်းလင်းခဲ့ရာမှာ တွေ့ရှိခဲ့ခြင်း ဖြစ်သည်ဟု ထိုင်းစစ်တပ်က ပြောသည်။
လူသတ်မိုင်းဟု ခေါ်သော Anti-personal မိုင်း ၃၄၉ လုံး၊ တင့်ဖျက်မိုင်း ၄ လုံး၊ မပေါက်ကွဲသေးသည့် ဗုံးသီး ၇၅ ခု နှင့် အသုံးမပြုရသေးသည့် ပေါက်ကွဲစေသော ပစ္စည်း ၂၀၄၂ ခု တွေ့ရှိခဲ့သည်ဟု ဆိုသည်။
ယင်း ဒေသသုံးခုသည် ထိုင်း-ကမ္ဘောဒီးယားနယ်စပ်ဖြစ်သော Si Sa Ket ခရိုင်နဲ့ Ubon Ratchathani ခရိုင်များအတွင်းတွင် တည်ရှိသည်။