တရုတ်-အာဆီယံ ကုန်စည်ပြပွဲ ကျင်းပ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၁၇ ရက်။
တရုတ်-အာဆီယံ ကုန်စည်ပြပွဲ တစ်ခုကို တရုတ်နိုင်ငံ ဂွမ်ရှီ (Guangxi) ၌ ဒီကနေ့ စက်တင်ဘာလ ၁၇ ရက်တွင် ဖွင့်လှစ်လိုက်သည်။
ဤကုန်စည်ပြပွဲသည် ဒေသအတွင်းတွင် ဉာဏ်ရည်တုလို့ခေါ်သော AI ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုနှင့်လွတ်လပ်စွာ ကုန်သွယ်မှု သဘောတူညီချက်ကို မီးမောင်း ထိုးပြခြင်း ဖြစ်သည်ဟု တရုတ်နိုင်ငံက ဆိုသည်။
ဝေမျှ ရယူမယ့် အနာဂတ်တွင် တရုတ်-အာဆီယံ အသိုင်းအဝိုင်းကို ပိုမိုနီးကပ်စေမည့် အခွင့်အလမ်းသစ်ဖြစ်သည် ဆိုသော အနှစ်သာရနှင့် ကျင်းပခြင်း ဖြစ်သည်ဟု ဖော်ပြသည်။
ယနေ့ ၂၂ ကြိမ်မြောက် တရုတ်-အာဆီယံ ဖွင့်ပွဲ အခန်းအနားကိုတော့ တရုတ်နိုင်ငံအပြင် အာဆီယံ နိုင်ငံများမှ မြန်မာ၊ လာအို၊ ကမ္ဘောဒီးယား၊ မလေးရှားနဲ့ ဗီယက်နိုင်နိုင်ငံက ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။
မလေးရှားနိုင်ငံက အာဆီယံ အတွင်းရေးမှူးချုပ် မစ္စတာ Kao Kim Hourn လည်းတက်ရောက်ခဲ့ပြီး ယခု ပွဲသည် ကုန်စည်ပြပွဲသာမက တရုတ်နှင့် အာဆီယံ နိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ခြင်းလည်း ဖြစ်သည်ဟု ဆိုသည်။
ယခု ကုန်စည်ပြပွဲ ဖွင့်ပွဲ အခန်းအနားကို မြန်မာနိုင်ငံက ဝန်ကြီးချုပ် အသစ် ဦးညိုစောက တက်ရောက်ခဲ့သည်။
ဤကုန်စည်ပြပွဲကို စက်တင်ဘာလ ၂၁ ရက် အထိ ကျင်းပသွားမည် ဖြစ်သည်။