ဗန်းမောက်တွင် တိုက်ပွဲဖြစ်

သတင်းနှင့် မီဒီယာကွန်ရက်။
၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၁၈ ရက်။ 

စစ်ကိုင်းတိုင်းဒေသကြီးထဲက ဗန်းမောက်မြို့တွင် စစ်ကော်မရှင်၊ ရှမ်းနီတပ်မတော် SNA ပူးပေါင်းတပ်နှင့် ကချင်လွတ်လပ်ရေး တပ်မတော် KIA၊ PDF ပူးပေါင်းတပ်တို့ ကြား တိုက်ပွဲများ ဖြစ်ပွားနေသည်။

ဗန်းမောက်မြို့တဝိုက်ရှိ ရှမ်းနီ အမျိုးသား တပ်မတော် SNA နှင့် စစ်ကော်မရှင် ပူးပေါင်းတပ်တို့ကို KIA နှင့် ပူးပေါင်းအဖွဲ့က သွားရောက်တိုက်ခိုက်နေပြီး မြေပြင်တွင် တိုက်ပွဲများ ပြင်းထန်နေသည်ဟု စစ်ရေး သတင်း အရင်းအမြစ်က ပြောသည်။

အင်းတော်မြို့နယ် ပကဖ တာဝန်ရှိသူက မြေပြင် အခြေအနေကတော့ အတိအကျ ထုတ်ပြန်လို့ မရသေးပါဘူး ခင်ဗျ။ ဗန်းမောက်မြို့ဝန်းကျင်မှာတော့ တိုက်ပွဲတွေ ဖြစ်နေပါတယ် ဟု ပြောသည်။

နှစ်ဖက်တပ်တို့ကြား တိုက်ပွဲမှား ပြင်းထန်စွာ ဖြစ်ပွားနေပြီး စစ်ကော်မရှင်က စက်တင်ဘာလ ၁၅ ရက်နေ့တွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုလည်း နှစ်ကြိမ်လုပ်ခဲ့သည်ဟု ဆိုသည်။

ထို့အပြင် အင်းတော်မြို့နှင့်ဗန်းမောက်မြို့ကို ဆက်သွယ်ထားသည့် လမ်းပိုင်းအားလုံးကို ရက်အကန့်အသတ်မရှိ ပိတ်ထားမည်ဖြစ်ကြောင်း အင်းတော်မြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ – ပကဖ ဘက်က စက်တင်ဘာလ ၁၅ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။

စစ်ကော်မရှင်တပ် နှင့် SNA ပူးပေါင်းတပ်တို့က မြို့ပေါ် သွားလာခွင့်များကို ပိတ်ထားသဖြင့် ဗန်းမော်ြမို့ခံများ ပိတ်မိနေကြသည်ဟု သိရသည်။

အင်းတော်မြို့နယ် ပကဖကတော့ အရပ်သားများ ပိတ်မိနေသည်မှာ မှန်သော်လည်း အခြေအနေအသေးစိတ်ကိုမူ အတည်မပြုနိုင်သေးကြောင်းသာ တုံ့ပြန်သည်။

ဗန်းမောက်မြို့နှင့် ကပ်လျှက်ရှိနေသော အင်းတော်မြို့ခံတစ်ဦးက ဗန်းမောက် အခြေအနေက တိုက်ပွဲဖြစ်နေ တာ လောက်တော့ သိရတယ်။ တိုက်ပွဲ ဖြစ်နေတယ် ပြည်သူတွေကို ထွက်ခွင့်မပေးဘဲနဲ့ ဗန်းမောက်မြို့ထဲမှာ ပိတ် ထားတယ်။ စစ်ကောင်စီနဲ့ SNA ဘက်က လမ်းတွေ အားလုံး ပိတ် ထားတယ် ဟု ပြောသည်။

ဗန်းမောက်မြို့သည် ရှမ်းနီအမျိုးသားတပ်မတော် SNA အားကောင်းသည့် ဒေသတစ်ခု ဖြစ်ပြီး မြို့၏ နေရာ အများစုကိုလည်း SNA နှင့် စစ်ကော်မရှင် အဖွဲ့တို့က ပူးပေါင်း ထိန်းချုပ်ထားသည်။

ကချင်လွတ်လပ်ရေး တပ်မတော် KIA နှင့် ကာကွယ်ရေး ပူးပေါင်းတပ်တို့ကလည်း ဗန်းမော်မြို့၏ နေရာအချို့ကို ထိန်းချုပ်ထားပြီး နှစ်ဖက် စစ်ရေးလှုပ်ရှားမှုများအပြင် နှစ်ဖက်ကြား မကြာခဏလည်း တိုက်ပွဲများ ဖြစ်ပွားလေ့ ရှိသည်။

ဗန်းမောက်မြို့သည် စစ်ကိုင်းတိုင်း အထက်ပိုင်းတွင် တည်ရှိပြီး ကချင်ပြည်နှင့် ကပ်လျှက် တည်ရှိသည့် မြို့များ ထဲမှ တစ်ခု ဖြစ်သည်။