CIA က YouTube ဗီဒီယိုဖြင့် တရုတ်စစ်တပ်အတွင်း သတင်းပေးရှာဖွေ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၃ ရက်။ 

အမေရိကန် ထောက်လှမ်းရေးအေဂျင်စီ (CIA) သည် တရုတ်စစ်ဘက်အရာရှိများကို သတင်းပေး (Informants) အဖြစ် စည်းရုံးရန် YouTube မှတစ်ဆင့် ဗီဒီယိုတစ်ခုကို လူသိရှင်ကြား ထုတ်လွှင့်လာခဲ့သည်။ 

ယင်းဗီဒီယိုတွင် တရုတ်စစ်တပ်အတွင်း ခေါင်းဆောင်မှုအရည်အချင်းရှိသူများ သံသယဝင် ဖယ်ရှားခံနေရပုံနှင့် အာဏာပိုင်များ၏ မုသာဝါဒများကို တရုတ်ဘာသာ (Mandarin) ဖြင့် သရုပ်ဖော်ထားသည်။

ရိုက်တာသတင်းဌာန၏ သုံးသပ်ချက်အရ CIA သည် မကြာသေးမီက တရုတ်ဗဟိုစစ်ကော်မရှင် ဒုတိယဥက္ကဋ္ဌ ကျန်းယိုရှား (Zhang Youxia) အပါအဝင် ထိပ်တန်းစစ်ဗိုလ်ချုပ်များ ရာထူးမှ ဖယ်ရှားခံရမှုကြောင့် ဖြစ်ပေါ်လာသည့် စစ်တပ်တွင်း မကျေနပ်မှုများကို အခွင့်ကောင်းယူရန် ကြိုးပမ်းခြင်းဖြစ်သည်။ 

၂၀၁၀-၂၀၁၂ ခုနှစ်များအတွင်း တရုတ်နိုင်ငံ၌ အမေရိကန်၏ သူလျှိုကွန်ရက် ပြိုကွဲခဲ့ဖူးသော်လည်း ယခုအခါ CIA သည် တရုတ်နိုင်ငံအတွင်း သူလျှိုကွန်ရက်ကို အင်တိုက်အားတိုက် ပြန်လည်တည်ဆောက်ရန် ကြိုးပမ်းနေခြင်းလည်း ဖြစ်သည်။