အရှေ့အလယ်ပိုင်းအမေရိကန် စစ်အင်အား ထပ်ဖြည့် 

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၇ ရက်။ 

အမေရိကန်ပြည်ထောင်စုသည် အီရန်နိုင်ငံ၏ နျူကလီးယားအစီအစဉ်နှင့် ပြည်တွင်းဆန္ဒပြမှုများအပေါ် နှိပ်ကွပ်နေခြင်းတို့ကို ဖိအားပေးရန်အတွက် အရှေ့အလယ်ပိုင်းဒေသတွင် စစ်အင်အားကို အကြီးအကျယ် တိုးမြှင့်ချထားလျက်ရှိပါသည်။ 

ဘီဘီစီ (BBC) သတင်းဌာန၏ ဂြိုဟ်တုဓာတ်ပုံမှတ်တမ်းများအရ အမေရိကန်၏ “ယူအက်စ်အက်စ် အီဗရာဟင် လင်ကွန်း” (USS Abraham Lincoln) လေယာဉ်တင်သင်္ဘောသည် အီရန်ကမ်းလွန် ၇၀၀ ကီလိုမီတာခန့်အကွာသို့ ရောက်ရှိနေပြီဖြစ်သည်။ 

ထို့အပြင် ကမ္ဘာ့အကြီးဆုံး စစ်သင်္ဘောဖြစ်သော “ယူအက်စ်အက်စ် ဂျယ်ရယ်ဖို့ဒ်” (USS Gerald R. Ford) သည်လည်း လာမည့် ၃ ပတ်အတွင်း ဒေသတွင်းသို့ ရောက်ရှိလာမည် ဖြစ်ပါသည်။

လက်ရှိတွင် ပင်လယ်ကွေ့ဒေသ၌ အမေရိကန်စစ်သင်္ဘော ၁၂ စီးခန့် ဖြန့်ကြက်ထားသည့်အပြင် ဂျော်ဒန်နိုင်ငံရှိ စခန်းများတွင်လည်း F-15 နှင့် EA-18 တိုက်လေယာဉ်များကို အသင့်အနေအထားဖြင့် တိုးမြှင့်ချထားပါသည်။ 

အဆိုပါ အင်အားပြမှုကို တုံ့ပြန်သည့်အနေဖြင့် အီရန်နိုင်ငံကလည်း ဟော်မုဇ်ရေလက်ကြားတွင် ဒုံးကျည်များ ပစ်ခတ်၍ စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်ခဲ့ပါသည်။ 

စစ်ရေးအကဲခတ်များက ယခုအကြိမ် အမေရိကန်၏ ပြင်ဆင်မှုသည် တစ်ရက်လျှင် တိုက်ပွဲဝင်လေယာဉ် အစီးရေ ၈၀၀ အထိ စေလွှတ်နိုင်စွမ်းရှိသဖြင့် ယခင်စစ်ဆင်ရေးများထက် ပိုမိုအားကောင်းပြီး ကျယ်ပြန့်သည်ဟု သုံးသပ်ထားကြပါသည်။

#အမေရိကန်တပ် #အရှေ့အလယ်ပိုင်း #အင်အားတိုးချ #နျူကလီးယားအစီအစဉ် #USSAbrahamLiconln