ဗီယက်နမ်နှင့် မြန်မာ စစ်အုပ်စုတို့ ကာကွယ်ရေးနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်ရန် သဘောတူ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၇ ရက်။

စစ်အုပ်စုခေါင်းဆောင် ဦးမင်းအောင်လှိုင်၏ ဗီယက်နမ်ခရီးစဉ်အတွင်း နှစ်နိုင်ငံအကြား လုံခြုံရေး၊ ကာကွယ်ရေး၊ စီးပွားရေး၊ နည်းပညာနှင့် သံတမန်ရေးရာ ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ရန် သဘောတူညီခဲ့ကြောင်း ထိုင်းအခြေစိုက် The Nation သတင်းစာက ဖော်ပြသည်။

စက်တင်ဘာ ၅ ရက်က ဟာနွိုင်မြို့၌ ပြုလုပ်သည့် ထိပ်သီးတွေ့ဆုံပွဲတွင် ကာကွယ်ရေးနှင့် လုံခြုံရေးကဏ္ဍကို အဓိကမဏ္ဍိုင်အဖြစ် ထားရှိရန်သဘောတူညီခဲ့သည်။  

ထို့အပြင် တစ်နိုင်ငံ၏ ပိုင်နက်ကို အသုံးပြု၍ အခြားတစ်နိုင်ငံအား ဆန့်ကျင်လှုပ်ရှားမှုများ ပြုလုပ်ခွင့်မ ပြုရန် ပြန်လည်ကတိပြုခဲ့ကြသည်။

အဆိုပါတွေ့ဆုံပွဲ၌ နည်းပညာ၊ တယ်လီဖုန်းဆက်သွယ်ရေး၊ အဆင့်မြင့်စိုက်ပျိုးရေးနှင့် စွမ်းအင်ကဏ္ဍတို့တွင် ပူးပေါင်းဆောင်ရွက်ရန် သဘောတူခဲ့ကြသည်။  

၏စစ်ကောင်စီခေါင်းဆောင်သည် Viettel တယ်လီကွန်းကုမ္ပဏီနှင့် VinFast လျှပ်စစ်ကားစက်ရုံတို့သို့ သွားရောက်လေ့လာခဲ့သည်။

ဗီယက်နမ်ဘက်က အမျိုးသားဖွံ့ဖြိုးတိုးတက်ရေး အတွေ့အကြုံများကို မျှဝေပေးရန် အသင့်ရှိကြောင်း ပြောကြားခဲ့သည်။