ဥရောပနိုင်ငံများတွင် ဆန္ဒပြပွဲများနှင့် အဓိကရုဏ်းများ ဖြစ်ပွား

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၁၉ ရက်။

ပြင်သစ်၊ အီတလီနှင့် အယ်လ်ဘေးနီးယားနိုင်ငံတို့တွင် လူနေမှုစရိတ် ကြီးမြင့်လာမှု၊ အများပြည်သူဆိုင်ရာ ဝန်ဆောင်မှု ယိုယွင်းမှုနှင့် အစိုးရ၏ အကျင့်ပျက်ခြစားမှုများကို ကန့်ကွက်သည့် လူထုဆန္ဒပြပွဲများ ပြင်းထန်လာပြီး အချို့နေရာများတွင် အဓိကရုဏ်းများအထိ ဖြစ်ပွားခဲ့သည်။

ပြင်သစ်နိုင်ငံ၊ ပါရီမြို့တော်နှင့် အခြားမြို့ကြီးများတွင် လူအများအပြား ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ကြသော်လည်း အကြမ်းဖက်အုပ်စုများက အများပြည်သူဆိုင်ရာ အဆောက်အအုံများကို ဖျက်ဆီးခြင်း၊ စူပါမားကတ်များနှင့် ဆိုင်များကို ဝင်ရောက်လုယက်ခြင်းများ လုပ်ဆောင်ခဲ့ကြသည်။

ဆန္ဒပြသူ ၅ သိန်းခွဲမှ ၈ သိန်းနီးပါးအထိ ပါဝင်ခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့များက လူ ၁,၂၀၀ ကျော်ကို ဖမ်းဆီးထိန်းသိမ်းခဲ့ကာ အစိုးရအနေဖြင့် အကြမ်းဖက်မှုများကို လုံးဝလျော့ပေးမည်မဟုတ်ကြောင်း ပြင်သစ်ဝန်ကြီးချုပ်က သတိပေးထားသည်။

အလားတူ အီတလီနိုင်ငံ၊ မီလန်မြို့တွင်လည်း ဆန္ဒပြသူများနှင့် ရဲတပ်ဖွဲ့ကြား ထိပ်တိုက်ရင်ဆိုင်မှုများ ဖြစ်ပွားခဲ့ရာ ရဲတပ်ဖွဲ့က ရာဘာကျည်ဆံများ၊ မျက်ရည်ယိုဗုံးများနှင့် ရေအမြောက်များ အသုံးပြုကာ လူစုခွဲခဲ့ရပြီး အီတလီဝန်ကြီးချုပ် ဂျော်ဂျီယာ မယ်လိုနီက အရေးပေါ် အစိုးရအစည်းအဝေး ခေါ်ယူသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ထို့ပြင် အယ်လ်ဘေးနီးယားနိုင်ငံ၊ တီရာနာမြို့တွင်လည်း အစိုးရ၏ အကျင့်ပျက်ခြစားမှုကို ဆန့်ကျင်သည့် ဆန္ဒပြပွဲများ ၅ ရက်ဆက်တိုက် ဖြစ်ပွားနေပြီး ဆန္ဒပြသူများက ယာယီအစိုးရတစ်ရပ် ဖွဲ့စည်းပေးရန်နှင့် ရွေးကောက်ပွဲအသစ် ကျင်းပပေးရန် တောင်းဆိုလျက်ရှိသည်။