မြန်မာဒုက္ခသည်များအတွက် EU က ယူရို ၂၉ သန်း ထပ်မံကူညီမည်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၂ ရက်။ 

ဥရောပသမဂ္ဂ (EU) က မြန်မာနိုင်ငံအတွင်း ပဋိပက္ခဒဏ်ခံနေရသူများနှင့် အိမ်နီးချင်းနိုင်ငံများရှိ ရိုဟင်ဂျာဒုက္ခသည်များအတွက် ယူရို ၂၉ သန်း ထပ်မံပံ့ပိုးကူညီမည်ဟု ကြေညာခဲ့သည်။ 

အမေရိကန်နှင့် ဆွီဒင်နိုင်ငံတို့၏ အကူအညီများ လျော့နည်းသွားချိန်တွင် ယခုအကူအညီမှာ ဒုက္ခသည်များအတွက် အလွန်အရေးပါသော ထောက်တိုင်တစ်ခု ဖြစ်လာသည်။

ယခု အကူအညီသစ်အတွင်းမှ ယူရို ၁၅ သန်းကို လူသားချင်းစာနာမှု အကူအညီအဖြစ် အသုံးပြုမည်။

ယူရို ၁၄ သန်းကို ဒုက္ခသည်များ ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်နိုင်ရန် ဖွံ့ဖြိုးရေးဆိုင်ရာ အကူအညီအဖြစ် အသုံးပြုမည်ဟု ဆိုသည်။ 

လူသားချင်းစာနာမှု ဆိုင်ရာ အကူအညီများအနက် မြန်မာနိုင်ငံအတွင်း စားနပ်ရိက္ခာနှင့် အာဟာရဆိုင်ရာ အကူအညီများအတွက် ယူရို ၁၂ သန်း၊ ဘင်္ဂလားဒေ့ရှ်ရှိ ဒုက္ခသည်များအတွက် ယူရို ၂ သန်းနှင့် အခြားအိမ်နီးချင်းနိုင်ငံများရှိ ဒုက္ခသည်များအတွက် ယူရို ၁ သန်း ခွဲဝေပေးမည်ဖြစ်သည်။

ကျန် ယူရို ၁၄ သန်းကို ဘင်္ဂလားဒေ့ရှ်နိုင်ငံ Cox’s Bazzar ရှိ ရိုဟင်ဂျာ ဒုက္ခသည်များအတွက် အသက်မွေးဝမ်းကျောင်း အတတ်ပညာများ သင်ကြားရန် အကူအညီပေးသွားမည်ဟု ဆိုသည်။ 

 မြန်မာနိုင်ငံတွင် တိုက်ပွဲများ ပိုမိုပြင်းထန်လာခြင်း၊ ငလျင်ဒဏ်ကြောင့် အခြေခံအဆောက်အအုံများ ပျက်စီးခြင်းနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းသို့ ဒုက္ခသည် ၁ သိန်း ၃ သောင်းကျော် ထပ်မံဝင်ရောက်လာခြင်းတို့ကြောင့် ယခုကဲ့သို့ အကူအညီများ တိုးမြှင့်ပေးရခြင်းဖြစ်သည်။