ဂျပန် နျူကလီးယားလက်နက် ပိုင်ဆိုင်ရေး အငြင်းပွား

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၂ ရက်။ 

ဂျပန်ဝန်ကြီးချုပ်၏ လုံခြုံရေးအကြံပေးပုဂ္ဂိုလ်တစ်ဦးက ဂျပန်နိုင်ငံအနေဖြင့် ကိုယ်ပိုင်နျူကလီးယား လက်နက် ပိုင်ဆိုင်သင့်ကြောင်း သို့မဟုတ် အမေရိကန်နျူကလီးယားလက်နက်များကို ဂျပန်မြေတွင် ချထားသင့်ကြောင်း ပြောဆိုမှုကြောင့် နိုင်ငံတကာတွင် ဂယက်ရိုက်ခတ်ခဲ့သည်။

တရုတ်နိုင်ငံက ဂျပန်၏ ရည်မှန်းချက်မှာ ဒေသတွင်းတည်ငြိမ်ရေးကို ပျက်စီးစေကြောင်း ပြစ်တင်ပြီး စစ်ရေးအရ တုံ့ပြန်မည်ဟု သတိပေးသည်။

ရုရှားနိုင်ငံကမူ ဂျပန်ကို ငြိမ်းချမ်းရေးနိုင်ငံ မဟုတ်တော့ဟု စွပ်စွဲကာ နယ်စပ်တွင် ဒုံးကျည်များ တိုးချဲ့ချထားမည်ဟု ဆိုသည်။

မြောက်ကိုရီးယားကမူ ဂျပန်၏ လုပ်ရပ်မှာ “ကိုယ့်ကိုယ်ကိုယ် သတ်သေခြင်း” ဖြစ်သည်ဟု ပြင်းထန်စွာ ဝေဖန်သည်။

ဝေဖန်မှုများရှိနေသော်လည်း ဂျပန်အစိုးရသည် နျူကလီးယားလက်နက် မပိုင်ဆိုင်ရေး၊ မထုတ်လုပ်ရေးနှင့် လက်မခံရေးဟူသော “နျူကလီးယား မပိုင်ဆိုင်ရေး မူဝါဒ ၃ ရပ်” ကို ဆက်လက်ဆုပ်ကိုင်ထားဆဲ ဖြစ်သည်။

တဖက်တွင်လည်း အမေရိကန်က စစ်ရေး ကာကွယ်ပေးမှုကို အားမကိုးပဲ မိမိခြေထောက်ပေါ်ရပ်တည်နိုင်ရန်နှင့် စစ်ရေး အသုံးစရိတ် တိုးမြှင့်ရန် ဖိအားပေးလျက်ရှိသည်။