ဧဝရက်တောင်တန်းအနီး ရဟတ်ယာဉ် နှစ်စီး တိုက်မိပြီး လူတစ်ဦး သေဆုံး

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၄ ရက်။

နီပေါနိုင်ငံ၊ ဧဝရက်တောင်တန်း ဒေသ၌ အင်္ဂါနေ့က ရဟတ်ယာဉ် နှစ်စီး တိုက်မိမှုဖြစ်ပွားခဲ့ရာ အနည်းဆုံး လူတစ်ဦး သေဆုံးပြီး နှစ်ဦး ဒဏ်ရာရရှိသွားခဲ့သည်။

အဆိုပါ ဖြစ်စဉ်မှာ ပင်လယ်ရေမျက်နှာပြင်အထက် အမြင့် ပေ ၁၃,၇၈၀ ရှိ ဧဝရက်တောင် အခြေစိုက်စခန်းအနီး သို့ ရဟတ်ယာဉ် နှစ်စီးစလုံး ဆင်းသက်ရန် ကြိုးစားစဉ် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ဖြစ်စဉ်ကြောင့် အသက် ၄၇ နှစ်အရွယ် အိန္ဒိယနိုင်ငံသားတစ်ဦး သေဆုံးခဲ့ပြီး၊ နယူးဇီလန်နိုင်ငံသားတစ်ဦးနှင့် နီပေါနိုင်ငံသား ရဟတ်ယာဉ်မောင်းသူတို့ ဒဏ်ရာရရှိခဲ့သည်။

ရဟတ်ယာဉ်ပေါ် ပါဝင်သူ စုစုပေါင်း အရေအတွက်ကိုမူ အာဏာပိုင်များက အတိအကျ ထုတ်ပြန်ခြင်း မရှိသေးပေ။

ဧဝရက်တောင်တန်း ဒေသတွင် ကုန်းလမ်းမရှိသဖြင့် မကျန်းမာသူများနှင့် တောင်တက်သမားများကို ကူညီကယ်ဆယ်ရေးအတွက် ရဟတ်ယာဉ်များကိုသာ အဓိက အသုံးပြုနေရခြင်း ဖြစ်သည်။

Photo:Reuter