မေလ ၁ ရက်နေ့တွင် ကျရောက်သည့် ၁၂၇ ကြိမ်မြောက် ကမ္ဘာ့အလုပ်သမားနေ့တွင် ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ရောက်ရှိနေကြသည့် မြန်မာရွှေ့ပြောင်း အလုပ်သမားများနှင့် ထိုင်းနိုင်ငံမြောက်ပိုင်း ထိုင်းအလုပ်သမားအဖွဲ့အစည်းများ စုပေါင်းပြီး ချင်းမိုင်မြို့ရှိ ခရိုင်အုပ်ချူပ်ရေးမှူးရုံးသို့ လမ်းလျှောက်ချီတက်ခဲ့ကြပြီး အလုပ်သမား အခွင့်အရေး တောင်းဆိုချက် ၈ ချက် အပါအဝင် မြန်အစိုးရနှင့် ထိုင်းအစိုးရတို့အား အလုပ်သမားအရေး ကူညီဆောင်ရွက်ပေးရန် တောင်းဆိုချက်များပါဝင်သည့် အလုပ်သမားအရေး တောင်းဆိုချက်များကို ချင်းမိုင်ခရိုင် လက်ထောက်အုပ်ချူပ်ရေးမှူးထံ ပေးအပ်ခဲ့ကြသည်။