ငြိမ်းချမ်းရေး ကော်မရှင် နှင့် နိုင်ငံရေးဆိုင်ရာ ဆွေးနွေးညှိနှိုင်းရေး ကိုယ်စားလှယ် တွေ့ဆုံ

သတင်းနှင့် မီဒီယာ ကွန်ရက်။
ဇွန်လ ၁၀ ရက်နေ့၊ ၂၀၁၇ ခုနှစ်။

ငြိမ်းချမ်းရေး ကော်မရှင် Peace Commission အဖွဲ့ဝင် ဦးအောင်စိုး ဦးဆောင်သော အဖွဲ့နှင့် နိုင်ငံရေးဆိုင်ရာ ဆွေးနွေးညှိနှိုင်းရေး ကိုယ်စားလှယ် DPN အဖွဲ့မှ ခူးဦးရယ် ဦးဆောင်သော အဖွဲ့တို့သည် ယနေ့ နံနက် ၉ နာရီက ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရှိ FURAMA Hotel တွင် အလွတ်သဘော တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

ယနေ့ ဆွေးနွေးပွဲတွင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချူပ် NCA လက် မှတ်ရေးထိုးနိုင်ရန် ညီညွတ်သော တိုင်းရင်းသား လူမျိုုးများ ဖက်ဒရယ်ကောင်စီ UNFC မှ အဆိုပြု ထားသည့် NCA နောက်ဆက်တွဲ အချက် ၉ ချက် ကို အဓိကထား ဆွေးနွေးသွားမည်ဟု သိရ သည်။

အစည်းအဝေးကို အစိုးရ ငြိမ်းချမ်းကော်မရှင်အဖွဲ့မှ ဦးအောင်စိုး ဦးဆောင်ပြီး ဦးလှမောင်ရွှေ၊ ဦးမင်းဇော်ဦး၊ ဦးကျော်လင်းဦး တို့ ပါဝင်တက်ရောက်ကြသည်။

တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး ခေါင်းဆောင်ကိုယ်စားလှယ်အဖွဲ့မှ ခူးဦးရယ် ဦးဆောင်၍ ဒေါက်တာ နိုင်ရွှေသိန်း၊ ဦးထွန်းဇော်၊ ဒူဝါး ဘဝမ်လရော်၊ ဗိုလ်မှူးကြီး ဆော်လမွန်၊ ဗိုလ်မှူးကြီး မင်းထွန်းနှင့် ဗိုလ်မှူး ဟတ်ဟန် တို့ တက်ရောက်သည်။

နိုင်ငံရေးဆိုင်ရာ ဆွေးနွေးညှိနှိုုင်းရေး ကိုယ်စားလှယ်အဖွဲ့ DPN အဖွဲ့သည် အစိုးရသစ်နှင့် နိုင်ငံရေးဆွေးနွေးပွဲများ ဆက်ဆွေးနွေးနိုင်ရန်အတွက် ၂၀၁၆ ခုနှစ် ဖေဖေါ်ဝါရီလ ၁၁ ရက်နေ့က ကျင်းပခဲ့သည့် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC ၏ အရေးပေါ် ကောင်စီအစည်းအဝေးမှ ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။