တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချူပ် NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့ ၈ ဖွဲ့မှ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST ၏ မျက်နှာစုံညီ အစည်းအဝေးတစ်ရပ်အား ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ယနေ့စ၍ လေးရက်ကြာ ကျင်းပနေသည်။ (၂၈-၇-၂၀၁၇)
အစည်းအဝေးတွင် NCA အကောင်အထည်ဖော်မှုဆိုင်ရာ ကိစ္စများကို သုံးသပ်ဆွေးနွေးပြီး ပြင်ဆင်မှုများ ပြုလုပ်ရန်၊ နိုင်ငံရေးဆွေးနွေးမှု ဆိုင်ရာ မူဘောင်ကိစ္စများ ပြင်ဆင်သတ်မှတ်ရေး အပါအဝင် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကျင်းပရေးကိစ္စအပါအဝင် အဓိက မူဝါဒ ၁၀ ချက်နဲ့ ပတ်သက်ပြီး ဘုံသဘောတူညီချက်တွေ ချမှတ်ရန် ကိစ္စများကို ဆွေးနွေးဆုံးဖြတ် သွားကြရန် ရှိသည်ဟု သိရသည်။