ဇူလိုင်လ ၁၅ ရက်မှ ၁၇ အထိ KIO/KIA နှင့် ကချင်လူထုများ လိုင်ဇာမြို့ တွင် တွေ့ဆုံစဉ် (ဓာတ်ပုံ)

သတင်းနှင့် မီဒီယာကွန်ရက်။
ဇူလိုင်လ ၁၈ ရက်၊ ၂၀၁၇။

KIO/KIA မှ ညီညွှတ်သော တိုင်းရင်းသား လူမျိုးများဖက်ဒရယ်ကောင်စီ (UNFC) မှ နှုတ်ထွက်ရသည့်ကိစ္စ၊ ပြည်ထောင်စု နိုင်ငံရေးဆွေးနွေးညှိနှိုင်းရေး ကော်မတီ(FPNCC)အဖွဲ့ဝင် ဖြစ်လာရသည့်ကိစ္စ၊ (FPNCC) မှ ထုတ်ပြန်ထားသော နိုင်ငံရေး ဆွေးနွေးမှုအပေါ် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၏ အထွေထွေမူဝါဒနှင့် ရပ်တည်ချက်များကိစ္စ၊ ၂၁ ရာစုပင်လုံညီလာခံသို့ သွားရောက်ခဲ့သည့်ကိစ္စနှင့် စစ်ပွဲများချုပ်ငြိမ်း သွားစေမည့်နည်းလမ်းများ ရှာဖွေကြံဆနေမှုကိစ္စတို့ကို ကချင်လူထုအား ရှင်းလင်းခဲ့သည့် တွေ့ဆုံပွဲတစ့်ရပ်ကို လိုင်ဇာမြို့တွင် ကျင်းပသည်။

အဆိုပါတွေ့ဆုံပွဲကို ဇူလိုင် ၁၅ ရက်နေ့မှ ၁၇ ရက်နေ့အထိ ရက်ကြာ ကျင်းပပြုလုပ်ခဲ့ရာ ပြည်တွင်း၊ပြည်ပမှ ကချင်ခေါင်းဆောင်များ၊ ကချင်ပြည်သူလူထုနှင့် KIO/KIA မှ တာဝန်ရှိသူများ စုစုပေါင်း လူဦးရေ ၇၀၀ ကျော်တက်ရောက်ခဲ့သည်။