တွေ့ဆုံဆွေးနွေးရေး မဟာဗျူးဟာ ညှိနှိုင်းမှု အလုပ်ရုံဆွေးနွေးပွဲ DPN ကျင်းပ

အစိုးရနှင့် နိုင်ငံရေး ဆွေးနွေးမှုများပေါ်ပေါက်လာရန် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC အဖွဲ့၏ နိုင်ငံရေး ဆိုင်ရာ ဆွေးနွေးညှိနှိုင်းရေး ကိုယ်စားလှယ် အဖွဲ့ DPN မှ ခေါင်းဆောင်များသည် ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် Negotiation Strategy Consultation Workshop တွေ့ဆုံဆွေးနွေးရေး မဟာဗျူဟာ ညှိနှိုင်းမှု အလုပ်ရုံဆွေးနွေးပွဲကို ယနေ့ နံနက် ၉  နာရီတွင် စတင် ကျင်းပနေသည်။