ငြိမ်းချမ်းရေး ကော်မရှင်အဖွဲ့မှ အတွင်းရေးမှူး ဦးခင်ဇော်ဦး ခေါင်းဆောင်သည့် အဖွဲ့ဝင် ၆ ဦး နှင့် NCA အပစ်ရပ် ၈ ဖွဲရဲ့ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အလုပ်အဖွဲ့ PPWT မှ ပဒိုစောကွယ်ထူးဝင်း ခေါင်းဆောင်သည့် ကိုယ်စားလှယ်များ ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရှိ Amora Tapae Hotel တွင် ယနေ့ သြဂုတ်လ ၃ ရက်နေ့ နံနက် ၁၀ နာရီမှစ၍ နှစ်ဖက် တွေ့ဆုံဆွေးနွေးနေသည်။