တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချူပ် NCA အပစ်ရပ် ၈ ဖွဲ့၏ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများမှ ခေါင်းဆောင်ကိုယ်စားလှယ် ၇၀ ကျော်သည် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ အကောင်အထည်ဖော်ရာတွင် တူညီသည့်ဦးတည်ချက် မဟာဗျူဟာချမှတ်နိုင်ရေးအတွက် ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရှိ KHUMPHUCOME HOTEL တွင် ယနေ့ စက်တင်ဘာ ၄ ရက်နေ့မှစ၍ လေးရက်ကြာ အစည်းအဝေးတစ်ရပ် ကျင်းပနေသည်။