UNFC တပ်ပေါင်းစု၏ ကောင်စီ အစည်းအဝေးအား ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ဖေဖေါ်ဝါရီလ ၂၄ ရက်နေ့၌ ဒုတိယနေ့ဆက်လက်ကျင်းပနေသည်။ ကောင်စီဝင် ၂၅ ဦးခန့် တက်ရောက်ပြီး အစည်းအဝေးတွင် UNFC အဖွဲ့ဝင်အဖြစ်မှ နုတ်ထွက်ထားကြသည့် ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ SSPP အဖွဲ့များမှ ကိုယ်စားလှယ်များလည်း တက်ရောက်နေကြသည်။