ငြိမ်းချမ်းရေးအတွက် ဖက်ဒရယ် အစီအစဉ်။

“ဒီ IDPs တွေက ရှစ်နှစ်ရှိသွားပြီ။ အသက် ၁၀ နှစ်လောက်မှာ IDPs ဖြစ်တဲ့ ကလေးက အခုဒီနေ့ ၁၈ နှစ်ဖြစ်ပြီ။ အဲ့ ၁၈ နှစ် ကလေးက ပညာသင်ကြားခွင့် ဆုံးရှုံးသွားတယ်။ သူ့ရဲ့မူရင်းဇစ်မြစ်ပျောက်သွားပြီ။ လူကဇစ်မြစ် သိပ်အရေးကြီးတယ်။ ဇာတိဇစ်မြစ်ပေါ့ အဲ့ဒါပျောက်တာဟာ ကျွန်တော်တို့ရဲ့ လူမျိုးလက္ခဏာနဲ့ လူမျိုးတိုးတက် ကြီးပွားရေးကို လုံးဝဖျက်ဆီးလိုက်တဲ့ အနေအထားပဲ။ ကျွန်တော်တို့လူမျိုးရဲ့ သုံးပုံတစ်ပုံကို စနစ်တကျ ဖျက်ဆီးတယ်လို့ ဒီစစ်ပွဲကိုမြင်တယ်။” ဒေါက်တာ M ကောန်လ ( KNC )